ပရိတ်သတ်ကြီးရေ တစ်ချိန်တုန်း ရုပ်ရှင် အနုပညာနယ်ပယ်မှာ နာမည်ကြီးဖြစ်ခဲ့ပြီးတော့ ပရိတ်သတ်တွေ ချစ်ခင်မှုအားပေးမှုတွေကို တခဲနက်ရရှိလို့ထားတဲ့ မင်းသမီးခိုင်နှင်းဝေဟာ အောင်မြင်မှုပေါင်းများစွာ ရရှိထားတဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်။ သူမဟာ သရုပ်ဆောင်အလုပ်အပြင် ပရဟိတ လုပ်ငန်းတွေကိုလည်းစိတ်အားထက်သန်စွာနဲ့ လုပ်ဆောင်တတ်ပါတယ်။

"ခိုင်နှင်းဝေ ပရဟိတ ဖောင်ဒေးရှင်း" ကိုလည်းတည်ထောင်ထားပြီး ကလေးသူငယ်တွေအတွက်အဓိကထားလှုပ်ရှားပေးတဲ့ ဖောင်ဒေးရှင်းလေးပဲဖြစ်ပါတယ်။ သူမဟာ အဓိဋ္ဌာန်တွေလည်းမကြာခဏ ဝင်တတ်သူဖြစ်ပြီး ကုသိုလ်ရေးကိစ္စမှန်သမျှ စွမ်းစွမ်းတမံလုပ်ဆောင်တတ်သူလေးပါနော်။ စိတ်ထားလည်းကောင်း သရုပ်ဆောင်လည်းကောင်းတဲ့သူမကို ဝိုင်းချစ်ပြီး ဝိုင်းအားပေးနေတဲ့ပရိတ်သတ်တွေကလည်း ပြည်လုံးကျွတ်နီးပါးပါပဲနော်။

အခုလည်း ညောင်(၁၀)ပင် အဓိဋ္ဌာန်ဝင်နေခဲ့တာ ၉ရက်မြောက်ရှိနေပါပြီနော်။ သူမရဲ့ ကုသိုလ်ကောင်းမှုအစုစုကိုလည်း နတ်လူသာဓုခေါ်လို့ရအောင် သူမရဲ့facebook လူမှုစာမျက်နှာမှာဖော်ပြပေးထားပြီး အမျှဝေပေးထားပါသေးတယ်။ ဘာသာရေးသာသနာရေးအရမ်းလုပ်ပြီး လူတိုင်းကိုကူညီတတ်တဲ့ ဒီလိုမွန်မြတ်တဲ့ စိတ်ထားရှိတဲ့မင်းသမီးတစ်လက် မြန်မာနိုင်ငံမှာရှိတာဘယ်လောက်တောင်ကောင်းလိုက်လဲပရိတ်သတ်ကြီးရေ....

Source : Khine Hnin Wai

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။