ဖွေးဖွေးက ရုပ်ရှင်ဇာတ်ကားတွေကို သေချာပြင်ဆင်ပြီးပီပြင်အောင်သရုပ်ဆောင်လေ့ရှိတဲ့ပရိတ်သတ်အချစ်တော်ပါ ... ဖွေးဖွေးကို လက်ပံ ဇာတ်ကားမှာသရုပ်ဆောင်ဖို့ စတင်ရွေးချယ်ချိန်ကစပြီးနောက်ပိုင်းကိုဝိုင်းရဲ့ ဇာတ်ကားတော်တော်များများမှာ ဖွေးဖွေးပါဝင်သရုပ်ဆောင်ခွင့်ရခဲ့ပါတယ် ။ကြိုးကြိုးစားစားနဲ့ ဇာတ်ရုပ်တိုင်းကို ပီပြင်အောင် အားထုတ်သရုပ်ဆောင်ခဲ့တာမို့ ဖွေးဖွေးရိုက်တဲ့ဇာတ်ကားတွေကအောင်မြင်မှုရရှိခဲ့တာဖြစ်ပါတယ် ။အခုလဲ ဆရာမပုညခင်ရဲ့နာမည်ကြီးစာအုပ်တစ်အုပ်ဖြစ်တဲ့ အရှေ့တံခါးအဝင်ကို ရုပ်ရှင်အဖြစ်ပြန်လည်အသက်သွင်းမယ့်ရွှေကြာ ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်နေပါတယ် ။ 

ဇာတ်ရုပ်ပီပြင်ဖို့အတွက် ၁၄ ပေါင်လောက် ၀ိတ်ချလိုက်တဲ့ အပြင် အထဲက လိင်အလုပ်သမဆိုတဲ့ ဇာတ်ကောင်စရိုက်အတိုင်း ပီပြင်စွာသရုပ်ဆောင်နိုင်ဖို့ ပြင်ပက တကယ့်လိင်အလုပ်သမ လေးတွေကိုသွားရောက်တွေ့ဆုံခဲ့ပါတယ်တဲ့ ... ရွှေကြာအဖြစ်နဲ့ မြင်တွေ့ရမယ့်ဖွေးဖွေး ဘယ်လိုအနုပညာစွမ်းရည်တွေချပြဦးမလဲ ... သူရဲ့ အားထုတ်မှုတွေကြောင့် ငယ်ငယ်ရွယ်ရွယ်နဲ့ပဲ အကယ်ဒမီ ၂ ဆုတောင်ပိုင်ဆိုင်ထားတဲ့ ဖွေးဖွေးက .. ယခုနှစ်အကယ်ဒမီဆုအတွက်လဲ ရင်ခုန်စရာပါ ...

Source : MyanmarCutie

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။