ဒီအဖြစ်အပျက်လေးကတော့ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က တရုတ်နိုင်ငံမှာဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်လေးတစ်ခုပဲဖြစ်ပါတယ်။

ဒီဖြစ်ရပ်လေးမှာတော့ အမျိုးသားတစ်ဦးဟာ သူ့ဆိုင်ထဲက ဆန်တွေကို ခိုးစားခဲ့တဲ့ကြွက်ကလေးကို အပြစ်ပေးခဲ့တဲ့ဖြစ်ရပ်လေးတစ်ခုဆိုပေမယ့် သူ့ရဲ့အပြစ်ပေးပုံကတော့ လူအများအတွက်အရမ်းစိတ်ဝင်စားခဲ့ရတဲ့ အပြစ်ပေးမှုလေးတစ်ခုဖြစ်ခဲ့ပါတယ်။  

ဒီအမျိုးသားကတော့ သူ့ဆိုင်ထဲက ဆန်တွေဟာ တဖြေးဖြေးလျော့လျော့လာတာကြောင့် ဘယ်သူခိုးလဲဆိုပြီး အဖြေရှာနေရင်းကတော့ နောက်ဆုံးမှာတော့ ကြွက်လေးတစ်ကောင်က ဆန်တွေကိုပွအောင်လုပ်ပြီး ခိုးစားနေတာကို သူသိရှိခဲ့ပါတယ်။

အဲ့အချိန်မှာတော့ အမျိုးသားဟာ ကြွက်လေးကို မရရအောင်ဖမ်းဆီးပြီး ခြေတွေလက်တွေကို ကြိုးနဲ့ဆွဲကာ ရင်ဘတ်ကာ စာကပ်ပြီး လူအများမြင်အောင်ပြသကာ အရှက်ခွဲခဲ့ပါတော့တယ်။

ကြွက်ကလေးရဲ့ရင်ဘတ်မှာကပ်ထားတဲ့စာကတော့ “ ဒါမင်းလုပ်တာအကုန်ပဲလား ၊ ငါ့ကိုသေအောင်ရိုက်မယ်ဆိုရင်တောင် ဆန်ခိုးတာ ငါဝန်ခံမှာမဟုတ်ဘူး “ လို့ရေးသားထားပါတယ်။ နောက်တစ်ပုံမှာဆိုရင်တော့ ဒါမျိုးနောက်မလုပ်တော့ပါဘူး ဆိုတဲ့စာကိုကပ်ထားပြီး လူပုံအလယ်မှာ အရှက်ခွဲပြီး အပစ်ပေးခဲ့တာပါ။

ဒီအမျိုးသားရဲ့ အပြစ်ပေးပုံကတော့ လူအများကို ပျော်ရွှင်စေတဲ့ကိစ္စတစ်ခုလိုဖြစ်ခဲ့ပေမယ့် ကြွက်ကလေးဘက်ကစာနာသူတွေကတော့ ဒီအမျိုးသားကို ပြန်လည်အပြစ်တင်ပြောဆိုခဲ့ကြပါတယ်။  

source - CNN

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။