အိရစ်ထရေအာနိုင်ငံကချမှတ်ထားတဲ့ ဥပဒေတစ်ခုကတော့ လူအများကြားမှာ စိတ်ဝင်စရာကောင်းလှတဲ့ ဥပေဒတစ်ခုဖြစ်ခဲ့ပါတယ်။ထိုဥပဒေကတော့ ယောကျာ်းသားတွေအတွက်အဓိကရည်ရွယ်ထားတဲ့ဥပဒေတစ်ခုလဲဖြစ်ပါတယ်။ ၎င်းဥပဒေကတော့ အမျိုးသားများအနေနဲ့ မိန်းမနှစ်ယောက်မယူပါက ထောင်ဒဏ်တစ်သက်တစ်ကျွန်းကျခံရမည်ဆိုတဲ့ ဥပဒေပဲဖြစ်ပါတယ်။

ထိုဥပဒေကိုတော့ အီရစ်ထရေအာနိုင်ငံ ၌ အိုင်းစ်ဆစ်- အက်ဝါကီ ဦးဆောင်တဲ့ အစိုးရအဖွဲ့ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ဒါ့အပြင် အမျိုးသမီးများအနေနဲ့ သူတို့၏ အမျိုးသားများအား နောက်ထပ်မိန်းမတစ်ယောက်ယူခြင်းကို ကန့်ကွက်တားဆီးမှုများပြုပါက တားဆီးသောအမျိုးသမီးများကိုလည်း ထောင်ဒဏ်တစ်သက်တစ်ကျွန်းချမှတ်ခံရမယ်လို့လဲထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

အစိုးရအနေနဲ့ မိန်းမနှစ်ယောက်ယူတဲ့အမျိုးသားတွေကို မင်္ဂလာဆောင်စရိတ်နှင့် နေထိုင်ရန်အိမ်များထောက်ပံံ့ပေးသွားမယ်လို့လဲပြောကြားခဲ့ပါတယ်။အိရစ်ထရေအာနိုင်ငံသည် ၁၉၉၈ ခုနှစ်ကနေ ၂၀၀၀ ခုနှစ်ထိ အီသီယိုးပီးယားနိုင်ငံနဲ့စစ်ဖြစ်ခဲ့တာကြောင့် စစ်သည် ၁၅၀၀၀၀ ဆုံးရှုံးခဲ့ရတယ်လို့သိရပါတယ်။ ဒါ့ကြောင့် အစိုးရအနေနဲ့ နိုင်ငံအတွင်း အမျိုးသားဦးရေနှင့် တိုင်းပြည်လူဦးရေကို ပြန်လည်မြှင့်တင်သည့်အနေဖြင့် ယခုကဲ့သို့ အမိန့်ထုတ်ပြန်ရခြင်းဖြစ်တယ်လို့လဲသိရပါတယ်။

source - Drunken

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။