မကြာသေးမီက မလေးရှားနိုင်ငံမှ အိမ်ရှင်အဖြစ်ကျင်းပပြုလုပ်ခဲ့တဲ့ (၂၈) ကြိမ်မြောက် အာဆီယံတပ်မတော် (ကြည်း) များ သေနတ်ပစ်ပြိုင်ပွဲကို မြန်မာတပ်မတော်အဖွဲ့မှ တပ်ဖွဲ့ဝင်အချို့သွားရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရပါတယ်။ အဆိုပါ မြန်မာ့တပ်မတော်သေနတ်ပစ်အသင်းကတော့ ဆုတံဆိပ်များစွာနှင့်အတူ မြန်မာ့ဂုဏ်ဆောင်နိုင်ခဲ့ပြီး အာ့ဆီယံနိုင်ငံတွေကြား ရေပန်းစားခဲ့တာတွေ့ရပါတယ်။  

အဆိုပါ ပြိုင်ပွဲမှာ သေနတ်ပစ်နည်းပေါင်း များစွာပါဝင်ခဲ့ပြီး အမျိုးသား၊ အမျိုးသမီးပွဲစဉ်တွေနဲ့အတူ အဖွဲ့လိုက်ယှဉ်ပြိုင်မှုပွဲစဉ်တွေထဲမှာ ရွှေတံဆိပ်၊ ငွေတံဆိပ်နဲ့ ကြေးတံဆိပ်များစွာကို စွတ်ခူးနိုင်ခဲ့ကြတာတွေ့ရပါတယ်။ အဆိုပါ (၂၈) ကြိမ်မြောက် အာဆီယံတပ်မတော် (ကြည်း) များ သေနတ်ပစ်ပြိုင်ပွဲ ပိတ်ပွဲအခမ်းအနားမှာအပြီးမှာတော့ မြန်မာကိုယ်စားပြုသေနတ်ပစ်အဖွဲ့ကတော့ ရွှေ၊ ငွေနဲ့ ကြေးတံဆိပ် တို့ကို အသီးသီးရရှိခဲ့ကြောင်း သိရပါတယ်။ 

အဆိုပါ ဆုတွေကိုတေ

Rifle Match 3 - ရွှေ (တပ်ကြပ် မြင့်နိုင်ဦး)

Pistol Ladies (Falling Plates) Match 4 - ရွှေ

Pistol Men Match 4 - ငွေ

Pistol Men (Falling Plates) Match 5 - ကြေး တို့မှအသီးသီးရရှိခဲ့တာဖြစ်ကြောင်း သိရပါတယ်။ ဝမ်းသာကြည်နူးစရာကောင်းတဲ့ မြန်မာ့တပ်မတော်သေနတ်ပစ်အသင်းရဲ့ ပြိုင်ပွဲအတွင်း ပုံရိပ်တွေကို ဂုဏ်ယူစွာဖြင့် ချစ်ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။

Photos - ASEAN Armies Rifle Meet 2018

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။