ပြည်တွင်းမကြာခဏတွေ့နေရတဲ့ ကိုယ်အင်္ဂါမသန်စွမ်းသူတွေကတော့ ပရိသတ်တွေကြားမှာ အမြဲတွေ့နေရမယ်ထင်ပါတယ်။မတူညီတဲ့ ကံတရားတွေကြောင့် မပြည့်စုံတဲ့ ဘဝတွေနဲ့ ဖြတ်သန်းနေကြပေမယ့် မလျော့သော ဇွဲလုံလတွေနဲ့ ကြိုးစားရုန်းကန်သူတွေလည်း များစွာရှိနေတာကိုတော့ ပရိသတ်အားလုံးလည်း သိရှိကြမယ်ထင်ပါတယ်။  

အဆိုပါ မသန်မစွမ်းသူရဲကောင်းလေးတွေထဲမှာ တစ်ယောက်ပါဝင်နေတဲ့ ခြေတစ်ချောင်းမရှိသူ ခြင်းဖိုက်တာလေးတစ်ဦးရဲ့ ဗီဒီယိုဖိုင်ကတော့ ပရိသတ်တွေကြားမှာရေပန်းစားခဲ့တာတွေ့ရပါတယ်။ ၎င်းအမျိုးသားကတော့ မြန်မာလူမျိုးတစ်ယောက်ဖြစ်ပြီး မြန်မာ့ရိုးရာခြင်းခတ်ခြင်းကို ဝါသနာပါသူတစ်ယောက်လည်းဖြစ်တာတွေ့ရပါတယ်။  

မသန်မစွမ်းသော ခန္ဓာကိုယ်တစ်ခုကို ရရှိထားပေမယ့် ဝါသနာပါရာ ခြင်းခတ်ခြင်းပညာကို မလျော့သောဇွဲနဲ့ ကြိုးစားလေ့ကျင့်နေတာကိုတော့ တွေ့ရမှာပဲဖြစ်ပါတယ်။ ပွဲအတွင်း ပရိသတ်အားပေးမှုကြမ်းတမ်းခဲ့သည့်အပြင် လက်ရှိကြည့်ရှု့သူ သန်းချီရှိခဲ့တဲ့ အဆိုပါ ဗီဒီယိုဖိုင်လေးကို ချစ်ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။

VIDEO - KYAW THU MIN

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။