ပြည်တွင်း အမြဲလိုလိုကြားနေရတဲ့ သတင်းတွေထဲမှာ ယာဉ်တိုက်မှုတွေကတော့ များစွာပါဝင်နေတာအားလုံးလည်း သိကြမယ်ထင်ပါတယ်။ ယာဉ်မောင်းသူများရဲ့ စည်းကမ်းမဲ့မောင်းနှင်မှုတွေနဲ့အတူ သဘာဝဘေးအန္တရယ်တွေကြောင့် တိမ်းမှောက်မှုပိုမိုများပြားနေပြီး သေကြေဒဏ်ရာရရှိမှုတွေကတော့ မရေမတွက်နိုင်အောင်များပြားလျှက်ရှိတာတွေ့ရပါတယ်။ အဆိုပါ ယာဉ်တိမ်းတိုက်မှု၊ ယာဉ်တိမ်းမှောက်မှုအများဆုံးကတော့ အမြန်လမ်းမကြီးပေါ်တွင် ဖြစ်ပွားလျှက်ရှိကြောင့် ရှာဖွေစစ်ဆေးချက်များအရသိရပါတယ်။  

ဒီကနေ့ နိုဝင်ဘာလ ၃၀ရက်နေ့မှာလည်း ရန်ကုန်- နေပြည်တော်အမြန်လမ်းမကြီးပေါ်တွင် ယာဉ်တစ်စီးတိမ်းမှောက်မှုတစ်ခုဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။ အဆိုပါ ယာဉ်တိမ်းမှောက်မှုကတော့ ဒီကနေ့ နိုဝင်ဘာလ ၃၀ရက်နေ့ နံနက်ပိုင်းကဖြစ်ပွားခဲ့တာဖြစ်ပြီး ယာဉ်မောင်းသူ ဦးဝင်းအောင် အိပ်ငိုက်မှုကြောင့် တိမ်းမှောက်ခဲ့တာဖြစ်ကြောင်း ကနဦးသတင်းများအရသိရှိရပါတယ်။  

အဆိုပါ ကားကတော့ vigo Extra Cab အပြာရောင်ယာဉ်တစ်စီးဖြစ်ပြီး လမ်းလယ်ကျွန်းတွင်ကာရံထားသော ကတ်တုံးအားတိုက်မိပြီး လမ်းလယ်ကျွန်းပေါ်သို့ ရောက်ရှိ တိမ်းမှောက်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။ ယာဉ်တိမ်းမှောက်မှုကြောင့် ကားပေါ်လိုက်ပါလာသူ ကျား ၃ဦးအနက် ကျားတစ်ဦး ဘယ်ဘက်ပေါင် ရိုးကျိုးဒဏ်ရာ ရရှိခဲ့ကြောင်း သိရပါတယ်။ လက်ရှိ လူနာများကို အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှဆေးရုံသို့ပို့ဆောင်ခဲ့ပြီး ပျက်စီးယာဉ်ကိုတော့ ပြန်လည်ဆယ်ယူရန်လုပ်ဆောင်နေကြောင်း သိရပါတယ်။ ဆိုးဆိုးရွားရွားဖြစ်ပေါ်ခဲ့တဲ့ ဒီကနေ့ အမြန်လမ်းယာဉ်တိမ်းမှောက်မှုပုံရိပ်တွေကို ချစ်ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။

Photos - အမြန်လမ်းမကြီးရဲတပ်ဖွဲ့ရုံး 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။