ရန်ကုန်မြို့ကြီးလဲ မလုံခြုံတော့ဘူးလားမသိတော့ပါဘူး ...
ဒုစရိုက်မှုပေါင်းစုံကြားမှာ ယခုလဲ အဆိုတော် ယုဇနနဲ့ မကော်နီတို့နှစ်ဦးကြုံခဲ့ရတဲ့
တုန်လှုပ်စရာအဖြစ်အပျက်လေးကို ယုဇနက ပရိတ်သတ်တွေ သတိထားရအောင်
ပြောပြပေးခဲ့ပါတယ် ။
ဘုရားဖူးများ သတိထားစေချင်လို့ပါတဲ့ ။

ဘုရားဖူးများ သတိထားစေချင်လို့ ကိုယ်တွေ့ဖြစ်ရပ်လေး ပြောပြချင်ပါတယ်..
ညက မကော်နဲ့အတူနှစ်ယောက်တည်း ညရှစ်နာရီခွဲ ဘုရားသွားပါတယ်။
တောင်ဘက်မုဒ်ကနေ ပါကင်ရှာရင်း နေရာမရှိလို့ ညာဘက်လမ်းချိုးထဲ ကွေ့လိုက်ပါတယ် တစ်ခြားဘုရားဖူးကားတွေလည်း အများကြီးရပ်ထားတော့ အတွင်းထဲဝင်မှ နေရာရပါတယ်
ယုက ကားပေါ်ကအရင်ဆင်း မကော်က ကားပေါ်မှာပဲရှိသေးတဲ့အချိန် လမ်းအတွင်းထဲက အရပ်မြင့်မြင့် ယောက်ကျားတစ်ယောက် ဘေးကလျောက်သွားပြီး လူကိုကြည့်ပါတယ်.. လမ်းကလည်းမှောင်နေတော့ သတိထားပြီး ပတ်ဝန်းကျင် အကဲခတ်ကြည့်လိုက်တော့ ကားတွေသာရပ်ထားပြီး လူတွေတစ်ယောက်မှ မရှိတာ သိလိုက်တယ် မကော် ကားပေါ်ကဆင်းလာတော့ ခုနလူရဲ့ အဖော်နောက်တစ်ယောက် အမှောင်ထဲက ထပ်ထွက်လာပြီး တစ်ယောက်နဲ့တစ်ယောက် အချက်ပြနေတာတွေ့တယ်..
မိန်းခလေးနှစ်ယောက်တည်းလာတာသိသွားပြီလေ
မကော်ကို တိုးတိုးလေးကပ်ပြီး အဲ့လူနှစ်ယောက်မရိုးသားဘူးမလို့ ပြောလိုက်တော့ မကော်လည်း ရိပ်မိသွားတယ် "သမီးဖုန်းထုတ်,ဆက်ချင်ဟန်ဆောင်" တဲ့... သူတို့က လမ်းကိုရှေ့ကနေ ပိတ်ရပ်ထားနေတယ် လမ်းကကျဉ်းတော့ ပိုလန့်နေပြီ ဒူးတွေလည်းတုန် ကြောက်ကြောက်နဲ့ ဖုန်းကြီးကိုကိုင်ပြီး "ဟဲ့နင်ဒီနားမှာလား".. ဘာတွေပြောမိမှန်းကို မသိတော့ဘူး ဖုန်းပိတ်လျက်ကြီးကို ဟန်ဆောင်ပြောနေတာလေ
သူတို့ကလည်း လမ်းထဲကို လူလာလား အကဲခတ်နေတယ် ရှေ့ဆက်မသွားဘူးဆိုတော့ တစ်ခုခုကြံစည်တော့မှာကို သိတယ် လူလာပါစေလို ့ဆုတောင်းမိတယ် မကော်ကလည်း ရှေ့ဆက်မသွားရဲဘဲ ဖုန်းဆက်ချင်ဟန်ဆောင်နေတယ် နောက်ဆုတ်ပြေးရင်လည်း ပိုဆိုးမယ် လူတွေနဲ့ပိုဝေးမယ် ဘုရားပဲတနေမိတယ် နှစ်ယောက်သား ရှေ့မဆက်ရဲကြဘူး ရှေ့ကိုလှမ်းကြည့်တော့လည်း လူကမလာ အားငယ်လိုက်တာဆိုတာ..
အဲ့အချိန်မှာပဲ ဘုရားအရိပ်အောက် ရောက်နေလို့ထင်တယ် ယောက်ကျားနှစ်ယောက် လမ်းထဲဝင်လာတယ်... အရမ်းအားတက်သွားတယ် သူတို့အကြံပျက်သွားတော့ ကားနံပါတ်တွေပဲကြည့်သလိုလို ဟန်ဆောင်တယ်.. ဝင်လာတဲ့လူတွေကလည်း အဲ့နှစ်ယောက်မူမမှန်တာ သိသလိုပဲ သေချာကိုကြည့်နေတာ မကော်နဲ့နှစ်ယောက် လူလာတုန်း လမ်းအမြန်လျှောက်ပြီး ရှောင်ထွက်ခဲ့ရပါတယ်
အဲ့လူနှစ်ယောက်သာပေါ်မလာရင်တော့ ဘာဆက်ဖြစ်မလဲ မတွေးရဲဘူး တစ်ခါမှ အဲ့လိုကျဉ်းထဲကျပ်ထဲမရောက်ဖူးဘူး..
သတိထားစေချင်လို့ ဒီစာလေးရေးခြင်းဖြစ်ပါတယ်ရှင်....
အခုထိပြန်တွေးရင်းကြောက်နေတုန်းပဲ ကံကောင်းလို ့ဘာအန္တရယ်မှမဖြစ်ခဲ့တာပါ

(ယုဇနမြင့်ငွေ)

မိန်းကလေးတွေ ညရေးညတာ အပြင်ထွက်ရင် သတိထားကြပါနော် ... လူရှင်းတဲ့နေရာတွေကိုတစ်ယောက်ထဲ မသွားကြပါနဲ့လို့ ... အန္တရယ်ကင်းကြပါစေ ...

Source : Yuzana's fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။