ပရိသတ်ကြီးရေ မနေ့ကနိုင်ဝင်ဘာလ ၂၉ ရက်နေ့မှာတော့ ဗြိတိန်နိုင်ငံ လီဗာပူးမြို့မှာ ဓားသွားပေါင်းတစ်သိန်းနဲ့ ပြုလုပ်ထားတဲ့ ရုပ်ထုတစ်ခုကို ပြသခဲ့ပါတယ်။

ဒီရုပ်ကြီးကိုတော့ “ဓားသွား အိန်ဂျယ် “လို့အမည်ပေးထားပြီး အမြင့်ပေ ၂၇ ပေတောင်ရှိတဲ့ ရုပ်ထုကြီးတစ်ခုပဲဖြစ်ပါတယ်။  

၎င်းရုပ်ထုကြီးကိုတော့ ဗြိတိန်နိုင်ငံတလွှားက သိမ်းဆည်းရရှိတဲ့ ဓားအမျိုးမျိုးနဲ့ ပုံဖော်ထုဆစ်ထားတာဖြစ်ပြီး နိုင်ငံအတွင်း ဓားနဲ့တိုက်ခိုက်တဲ့ ပြစ်မှုတွေ အများအပြားဖြစ်ပေါ်နေတာကို မီးမောင်းထိုးပြထားတာဖြစ်တယ်လို့သိရပါတယ်။

ဖန်တီးသူ ဒီဇိုင်နာ ဘရက်ဒ်လေကတော့ ဒီရုပ်ထုကြီးကို အကြမ်းဖက်ရာဇဝင်တွေကို ဆန့်ကျင်တဲ့အမျိုးသား အထိမ်းအမှတ်ရုပ်ထုအဖြစ်နဲ့ အချိန်တနှစ်ကျော်လောက် အချိန်ပေးပြီး ပြုလုပ်ခဲ့ရတယ်လို့သိရပါတယ်။

ဒီရုပ်ထုကိုဖန်တီးထားတဲ့ ဒီဇိုင်နာ အဲဖီဘရက်ဒ်လေ ကတော့ ဒီရုပ်ထုကြီးကို ဓားအတို ၊ဓားအရှည် ၊ တောခုတ်ဓား ၊အမဲခုတ်ဓားနဲ့ မီးဖိုချောင်သုံးဓားတွေနဲ့ ပုံဖော်ထားတာပါ ၊ စိတ်မကောင်းစရာက လူငယ်လေးတစ်ယောက်က မီးဖိုချောင်သုံးဓားကိုယူလာပြီး ပြစ်မှုကျူးလွန်မိပါတယ်။ ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်ရင်း ပြစ်မှုကျူလွန်မိတာပါ လို့လည်းပြောကြားခဲ့ပါတယ်။  

SOURCE -DVB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။