ထိုင်းပရီးမီးယားလိဂ်ကလပ်ချောင်ဘူရီအသင်းကိုပြောင်းရွေ့ဖို့သဘောတူညီမှုတွေရပြီလို့သတင်းထွက်နေတဲ့စည်သူအောင်ကတော့ခုမှာအပြီးသတ်ပြောင်းရွေ့သွားခဲ့ပါပြီ။မြန်မာအသင်းရဲ့အဓိကကွင်းလယ်ကစားသမားဖြစ်ရုံသာမကရတနာပုံအသင်းရဲ့အရေးပါဆုံးလည်းဖြစ်ပါတယ်။

စည်သူအောင်ရဲ့အပြောင့်အရွေ့ဟာအစောကြီးထဲကသတင်းတွေထွက်ခဲ့ပေမယ့်ကစားသမားကိုယ်တိုင်ကဆူဇူကီးပြိုင်ပွဲပြီးမှဆိုလို့ခုချိန်ထိရောက်ခဲ့တာပါ။ထိုင်းပရီးမီးယားလိဂ်ကလပ်အသင်းတွေဟာသူတို့လိဂ်ရဲ့အာစီယံကစားသမားခေါ်ယူမှုပုံစံကြောင့်မြန်မာကစားသမားကောင်းတွေကိုခေါ်ယူဖို့ကြိုးစားနေကြတာပါ။

စည်သူအောင်အပါအဝင်မြန်မာအသင်းရဲ့အဓိကနောက်ခံလူဇော်မင်းထွန်းကိုလည်းချောင်ဘူရီအသင်းကခေါ်ယူဖို့ကြိုးစားနေတာဖြစ်ပါတယ်။ဇော်မင်းထွန်းသာပြောင်းရွေ့ခဲ့ပါမြန်မာကစားသမားနှစ်ယောက်ထိုင်လိဂ်မှာတစ်သင်းထဲတူတူကစားရမှာဖြစ်ပါတယ်။ကျန်ရှိတဲ့ကစားသမားတွေလည်းအကောင်းဆုံးကြိုးစားပြီးနိုင်ငံတစ်ကာထိပ်တန်းလိဂ်တွေကိုပြောင်းရွေ့ကစားနိုင်ပြီးနိုင်ငံလက်ရွေးစင်အသင်းရဲ့အားထားရသူများဖြစ်ကြပါစေ.

Source:Chonburi FC

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။