"အရှင်ဘုရား တပည့်တော်တို့ရဲ ့ ရန်သူတော်ကြီး ရှင်ဒေဝဒတ် မြေမြိုသွား ပါပြီဘုရား" လို့ ညီတော်အာနန္ဒာက အားရဝမ်းသာ လျှောက်တင်ပါတယ်။ အဲဒီအခါ မြတ်စွာဘုရားက "အရှင်ဒေဝဒတ်ရဲ့ကျေးဇူးကား ငါဘုရား၊

ငါဘုရားရဲ့ဓမ္မနှင့် သံဃာအပေါ် ကျေးဇူးကြီးစွ"လို့မိန့်တော်မူပါတယ်။

ဒါကိုညီတော်အာနန္ဒာသဘောမပေါက်ပါ။

ဘာဖြစ်လို့လဲဆိုတော့ ညီတော်အနန္ဒာ က ပုထုဇဉ် သာ သာသောတာပန်ရဟန်း၊ မြတ်စွာဘုရားက သဗ္ဗညုတ ဉာဏ်တော်ရှင်ပါ။ သဗ္ဗညုတ ရွှေဉာဏ်တော် ကို သာမာန်ပုထုဇဉ် ရဟန်းရဲ့ ဉာဏ်ကမလိုက်နိုင်၊ လိုက်မမှီပါ။

ဒါပေမဲ့ ညီတော်အာနန္ဒာသိထားတာက မြတ်စွာဘုရားတို့မည်သည် ဘယ်သောအခါမှ အဓိပ္ပါယ်မဲ့စကားကို ပြောလေ့မရှိပါ။ ဒါကြောင့်သူနားလည်ဖို့ ညီတော်အာနန္ဒာက "အရှင်ဘုရား ရှင်းလင်းတော်မူပါဘုရား" လို့

ထပ်လျှောက်တင်တော့ မြတ်စွာဘုရားက "ချစ်သားအနန္ဒာ ရှင်ဒေဝဒတ်ကား ငါဘုရား၏ရန်သူမဟုတ်၊ ငါဘုရား၏ ပါရမီဖြည့်ဖက်သာ ဖြစ်ပေသည်"

လို့ထပ်မိန့်သတဲ့။

ညီတော်အာနန္ဒာက" အကျယ်ရှင်းပါဘုရား" လို့လျှောက်တဲ့ အခါ မြတ်စွာဘုရား က "ငါဘုရား ဒီပင်္ကရာ ဘုရားရှင်လက်ထက်တော် ဘုရားဆုပန်ပြီးသည့် အချိန်ကစလို့ အခုဘုရားဖြစ်တဲ့ဘဝအထိ ရှင်ဒေဝဒတ်ဟာ ငါဘုရားကို အမြဲဆန့်ကျင်ခဲ့တယ်။ သူကဆန့်ကျင်လေ ငါကကောင်းအောင်လုပ်လေပဲ၊ ငါဘုရားပါရမီတော်နုနယ်စဉ်ကာလတွေမှာ လုပ်ခဲ့တဲ့အမှားတွေကို သူက အပြစ်တင် အပုပ်ချတယ်၊ ငါဘုရားက အဲဒီလိုပြောတာတွေကို အပြစ်မမြင်ခဲ့ပါ။ နောက် သူအပြောမခံရအောင် ကောင်းအောင်ပိုပြီး ကြိုးစားပြင်ခဲ့ပါတယ်။

သူ ့ရဲ့ကောင်းမှု့ကြောင့် ပါရမီတွေ ရင့်သန်မှုတွေမြန်ခဲ့တယ်။ ဘုရားဖြစ်လာတဲ့ ယခုဘဝမှာတောင် ရှင်ဒေဝဒတ်ကြောင့်သာ ငါဘုရားနဲ့ဓမ္မဟာ အခုလောက်မြန်မြန် ဂုဏ်သတင်းမွှေးပြီး ငါဘုရားရဲ့ သံဃ အဖွဲ့အစည်း ဟာလည်း ကျစ်လစ်ခိုင်မာစွာ ဖွဲ့စည်းနိုင်ခဲ့ တာ၊ ရှင်ဒေဝဒတ်က သူ့ရဲ့ အဓမ္မနဲ့ပြိုင်လေ၊ ဖျက်လေ၊ ငါဘုရားရဲ့ ဓမ္မဂုဏ်သတင်းတက်လေ၊ ရှင်ဒေဝဒတ်သံဃအဖွဲ့အစည်းကိုဖျက်လိုဖျက်ဆီးလုပ်လေ၊ သံဃိကအဖွဲ့က ပိုမိုကျစ်လစ်ခိုင်မာလေပဲ၊ ငါဘုရားကို ဆန့်ကျင်တာလုပ်ရင်း လေးသချေင်္နှင့်

ကမ္ဘာတစ်သိန်း တိုင် ပါရမီဖြည့်လိုက်တာ ဒီဘဝမှာမြေမြို အဝီစိငရဲမှာ ကျခံရတဲ့အထိ ပါရမီဖြည့်သွားတာမို့ ကျေးဇူးရှင်လို့ဆိုတာပါ ချစ်သား အာနန္ဒာ" တဲ့

(ဒေါက်တာမောင်သင်း၊ အတွေးအမြင် ၂၀၁၁ ဖေဖေါ်ဝါရီ စာ-၆၄)

.

.

တကယ်တော့လူအများစု စဉ်းစားတာ နားလည်မိတာက မိမိရဲ့ အကြိုက် ကို လိုက်လုပ်ပေးနေတာ၊ ကူညီနေတာ ၊လိုတာလိုက် လဲဖြေ့ဆည်းပေးနေ တာတွေနဲ့ ဘေးမှာ လာပြုစုပေးတာကို ဘဲ ပါရမီဖြည့်ဖက်လို့ နားလည်ကြ

မြင်ကြမှာပါဘဲ။ တကယ်တော့ မျက်မွေးတစ်ဆုံး သာမကြည့်ဘဲ မျက်စိတစ်ဆုံးသာကြည့်တတ်ရင် ကိုယ့်ဘဝဘဝမှာ ဖြည့်ဆည်း ဖို့ ပါရမီတွေ ပြည့်ဖို့ လိုတာတွေက ကိုယ့်အကြိုက်လိုက်သူရောမလိုက်သူရော၊ ချစ်သူရောမုန်းသူရော၊ ပညာတတ်ရောပညာမဲ့ရော၊ ဥစ္စာရှိရော ဥစ္စာမဲ့ရော အကုန်ဖြစ်နိုင်ပါတယ်။

ခန္ဓီပါရမီပြည့်ဖို့ နှိပ်စက်သူလိုသလို ၊ သီလပါရမီပြည့်ဖို့ မြူဆွယ်သူ လိုပါတယ်။ ဘဝမှကြုံတွေရတာတွေကို ကိုယ့်စိတ်ကနေ ဒီအဖြစ်အပျက်တွေကို တည်မှီပြီး စိတ်က ဖြစ်ပျက်ကြတာမို့ ပတ်ဝန်းကျင် သက်ရောက်မှု့တခုတည်းက

တစ်ဦးကို ကုသိုလ်ဖြစ်စေပြီး နောက်တဦးကို အကုသိုလ်ဖြစ်စေနိုင်ပါတယ်။

ဒါကြောင့် တခါက ဘုန်းတော်ကြီးတစ်ပါးဟာ သူကျောင်းတိုက်နား လားပြီး ရန်ဖြစ်ရင်းလုံးထွေးသတ်ပုတ် ဆူညံ့နေတာ ကို ဘုန်းကြီးကျောင်းနား လာဆူညံ့ရဦးလားလို့ မတွေးဘဲ ကိုရင်တွေဥူးဇင်းတွေ ခေါ်ပြီး ၊"မောင်ရင်တို့ကို

ဒေါသ မောဟ အကြောင်းတရားလာပြပေးတဲ့ ဒီ ဒကာမကြီးတွေကို ရေတိုက် ငှက်ပျောသီးသွားကျွေးပြီး ကျေးဇူးဆပ်ချေ" လို့ မိန့်တော်မူသတဲ့။

ဒါကြောင့် ကုသိုလ် အကုသိုလ်ဆိုတာ သူများက၊ ပတ်ဝန်းကျင်က ကိုယ့်ကိုပေးတာ မဟုတ်ပါဘူး၊ ကိုယ်ကယူသလို ရနေတာပါလို့ ဆိုရမှာဖြစ်ပါတယ်။ ကိုယ့်ကို ဆဲနေလဲ ကိုယ်မခံယူရင် ကိုယ်မရပါဘူး

ဆိုတာ ဘုရားဟောခဲ့ဘူးပါတယ်။

မြတ်စွာဘုရား ဒေဝဒတ်ကို မြင်သလို ကိုယ့်ပြိုင်ဖက် အတိုက်ခံကို ကျေးဇူးရှင် လို့မြင်တတ်ရင် ကိုယ်ဘဝ ပိုမိုတောက်ပြောင်မှာ သေချာသလို ငယ်ငယ်က အတန်းမှာ မေးမဲ့မေးခွန်းတွေ ပြောပြပြီး စာမေးပွဲလွယ်လွယ်အောင်ခဲ့တဲ့ ဖျက်ဆီးမှု့ဟာလဲ အဆိုးပါရမီကိုဖြည့်တာဖြစ်ပြီး ကိုယ်ပညာမတတ်တဲ့ အကျိုး စာမကျိုးစားဖြစ် နားမလည်တော့တဲ့ အခြေခံမရခဲ့တဲ့ အပြစ်ဖြစ်တတ်ပါတယ်။

ပါရမီဖြည့်ဖက်အမည်ခံပြီး အရာရာကို အလိုက်တသိ လိုက်ဖြည့်တင်းတတ် သူတွေရဲ့ လက်ရာကို မက်မောမိသူ၊ မိန်းမောမိသူ၊သာယာမိသူတွေ ဘဝပျက်ကြ၊ ကျဆုံးပျက်ဆီးကြတာလည်း သမိုင်းမှာ မရည်တွက်

နိုင်အောင်ပါဘဲ။

ဒါကြောင့် သံသရာခရီးမှာမဖြစ်မနေလျှောက်လှန်းနေရသူတွေအဖို့ ပါရမီဖြည့်ဖက်ဆိုတာ အတိုက်ခံလဲပါတယ်ဆိုတာကို သတိပြုမိလို့ရေးမိတာပါ။ အားလုံးလွတ်လပ်စွာ သဘောကွဲလွဲနိုင်ကြပါစေ။

#သစ္စာရှင်

မြတ်ဗုဒ္ဓ၏သာသနာpageပြန်လည်တင်ဆက်သည်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။