ထိုင်းပရီးမီးယားလိဂ်ကလပ်ချောင်ဘူရီအသင်းကိုပြောင်းရွေ့ဖို့သတင်းတွေထွက်နေတဲ့ဇော်မင်းထွန်းကတော့ခုမှာထိုင်းနိုင်ငံကိုရောက်ရှိနေပီဖြစ်ပါတယ်။အစောပိုင်းထဲကသတင်းတွေထွက်နေပေမယ့်ဆူဇူကီးပြိုင်ပွဲပြီးမှသာကစားသမားကိုယ်တိုင်ကဆုံးဖြတ်ချင်တာကြောင့်အပြောင်းအရွေ့ငြိမ်သက်ခဲ့ရပါတယ်။ဆူဇူကီးဖလားပြိုင်ပွဲမှာမြန်မာအသင်းအတွက်အဓိကခံစစ်မှူးနေရာကနေအကောင်းဆုံးခြေစွမ်းပြခဲ့တာကြောင့်ထိုင်းထိပ်သီးကလပ်တွေကခေါ်ယူဖို့ကြိူးပမ်းလာကြတာပါ။

သတင်းတွေအတိအကျမထုတ်ပြန်သေးပေမယ့်ချောင်ဘူရီအသင်းကိုပြောင်းရွေ့ဖို့သေချာသလောက်ရှိနေပါပြီ။မိခင်ကလပ်ရန်ကုန်ယူနိုက်တက်အသင်းနဲ့ကလည်းစာချုပ်ပြည့်တော့မှာဖြစ်တာကြောင့်စောပြီးအသင်းကထွက်ချင်နေတာပါ။ချောင်ဘူရီအသင်းကလည်းထိုင်းပရီးမီးယားလိဂ်မှာအသင်းကြီးတစ်သင်းဖြစ်တာကြောင့်စိန်ခေါ်မှုတွေနဲ့တူတူပါဝင်ကစားရမှာဖြစ်ပါတယ်။

ဒီနေ့မနက်အစောပိုင်းကလည်းမြန်မာအသင်းရဲ့အဓိကကွင်းလယ်လူစည်သူအောင်ကလည်းတစ်ရာသီအငှားနဲ့ချောင်ဘူရီအသင်းကိုပြောင်းရွေ့ခဲ့တာပါ။ဇော်မင်းထွန်းသာပြောင်းရွေ့မှုအတည်ဖြစ်ခဲ့ရင်တော့မြန်မာကစားသမားနှစ်ယောက်တစ်သင်းတည်းကစားရမှာဖြစ်ပါတယ်။ဇော်မင်းထွန်းကလည်းပြီးခဲ့တဲ့ရာသီထဲကထိုင်းကလပ်တွေဆီပြောင်းရွေ့ဖို့လုပ်ခဲ့ပေမယ့်အကြောင်းအမျိုးမျိုးကြောင့်ယခုအချိန်မှသာပြောင်းရွေ့နိုင်ခဲ့တာဖြစ်ကြောင်းတင်ဆက်ပေးလိုက်ကပါတယ်။

Photo:Zaw Min Tun

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။