တစ်လတစ်ကြိမ်ရွေးထုတ်ပေးနေတဲ့ သိန်းတစ်သောင်းဆုရှင်နှင့် အခြားသိန်းဆုရှင်များစွာရဲ့ ကံထူးမှုတွေကတော့ ပရိသတ်တွေကြားရေပန်းစားခဲ့ပါပြီ။ ဒီဇင်ဘာလ (၁)ရက်နေ့ မှာလည်း အောင်ဘာလေထီမှသိန်းတစ်သောင်း ကံထူးရှင်တစ်ဦးကတော့ထွက်ပေါ်လာခဲ့ပြီပဲ ဖြစ်ပါ တယ်။ ဒီဇင်ဘာလ ၁ရက်နေ့ကထွက်ရှိခဲ့တဲ့ (၂၁) ကြိမ်မြောက်သိန်းတစ်သောင်းဆုကြီးကိုတော့ ၈၈ နှစ်အရွယ်အဘိုးအိုတစ်ဦးက ဆုခူးခဲ့တာဖြစ်ကြောင်း သိရပါတယ်။  

၂၁ ကြိမ်မြောက် သိန်းတစ်သောင်းကံထူးနံပါတ်ကတော့ ဎ ၃၉၃၀၂၀ ဖြစ်ပြီး ပဲခူးတိုင်းဒေသကြီး အတွင်းမှထပ်မံဆွတ်ခူးခဲ့တာဖြစ်ကြောင်း သိရပါတယ်။ နိုဝင်ဘာလ ၁ရက်နေ့ အကြိမ်(၂၀)မြောက် သိန်းတစ်သောင်းဆုကိုလည်း ပဲခူးတိုင်းဒေသကြီးမှ ရရှိခဲ့ပြီး လက်ရှိ (၂၁)ကြိမ်မြောက် သိန်းတစ်သောင်းဆုကိုလည်း ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ်နေ အသက် ၈၈နှစ်အရွယ်ရှိ ဦးကြင်ရှိန်အမည်ရှိအဘိုးအိုတစ်ဦးက ထပ်မံဆွတ်ခူးခဲ့တာဖြစ်ကြောင်း သိရပါတယ်။  

ပဲခူးတိုင်းဒေသကြီး ဝေါမြို့ ချမ်းမြသာစည်(၃)လမ်းမှာနေထိုင်သူတစ်ယောက်ဖြစ်ပြီး သားဖြစ်သူမှ ဖခင်ဖြစ်သူအတွက်ရည်စူးကာ ထီထိုးခဲ့တာဖြစ်ကြောင်း သိရပါတယ်။ ဆင်းရဲချို့တဲ့သူမိသားစုဘဝလေးကရရှိခဲ့တာဖြစ်ပြီး ဝမ်းသာစရာသတင်းတစ်ခုအဖြစ် လူမှုစာမျက်နှာတွေမှာ ရေပန်းစားလျှက်ရှိတာတွေ့ရပါတယ်။ ဒီဇင်ဘာလ ၁ ရက်နေ့မှာထွက်ရှိခဲ့တဲ့ (၂၁) ကြိမ်မြောက်အောင်ဘာလေထီဆုရဲ့ သိန်းတစ်သောင်းကံထူးရှင် အသက် ၈၈ နှစ်အရွယ်အဘိုးအို ဦးကြင်ရှိန် ရဲ့ကြည်နူးစရာပုံရိပ်လေးတွေကို ချစ်ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။

Photos - ထီပေါက်စဉ် 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။