ပရိသတ်ကြီးကို ဒီတစ်ခါ ဖော်ပြပေးချင်တာကတော့ ရယ်ရခက် ငိုရခက် ဖြစ်သွာေးစခဲ့တဲ့ အဖြစ်အပျက်လေးတစ်ခုကြောင်းကို ဖော်ပြပေးချင်ပါတယ်။ ဒီအဖြစ်အပျက်လေးကတော့ ၁၉၉၇ခုနှစ်ခန့်က ဖြစ်ပွားခဲ့တာ ဖြစ်ပြီး ယနေ့အချိန် အထိ လူတော်တော်များများရဲ့ ပြောစမှတ်တွင်တဲ့အထိ ထူးဆန်းခဲ့တဲ့ ဖြစ်ရပ်ကလေးလည်း ဖြစ်ပါတယ်။ 

လွန်ခဲ့တဲ့ ၁၁ နှစ်ခန့်တုန်းက ဂျပန်နိုင်ငံ ပိုင်နက်ထဲမှာရှိတဲ့ ပင်လယ်ပြင်ထဲမှာ ငါးဖမ်း လှေတစ်စင်းဟာ လှော်ခတ်နေပါတယ်။ ဒီအချိန်မှာ ရုတ်တရက် ဝုန်း…ဆိုတအသံနဲ့အတူ ငါးဖမ်း သင်္ဘောဟာ နစ်မြုပ်သွားပြီး ငါးဖမ်းသင်္ဘောပေါ်မှာပါလာတဲ့လူတွေကိုတော့ နာရီဝက်အကြာမှာ ကယ်ဆယ်ရေးတပ်ဖွဲ့က တွေ့၇ှိသွားခဲ့ပြီး ကယ်တင်ခဲ့ရပါတယ်။ ငါးဖမ်းသမားတွေရဲ့ ပြောကြားချက်အရတော့ သူတို့ လှေလေးဟာ ကောင်းကင်ပေါ်ကနေ ရုတ်တရက် နွားတစ်ကောင်လှေပေါ်ကို ပြုတ်ကျလာလို့ လှေပျက်စီးသွားခဲ့ရတယ်လို့ ပြောကြားခဲ့ပါတယ်။  

လူအများစုကတော့ ဒီဖြစ်ရပ်ကို မယုံကြည်ကြပေမယ့်လည်း နောက်ပိုင်းမှာ ရုရှားလေကြောင်းလိုင်းက သတင်းပေးချက်အရ သူတို့လိုင်းက လေယာဉ်မှူးဟာ သူ့ရဲ့ လေယာဉ်ပေါ်မှာစားဖို့ နွားကို တင်ဆောင်လာခဲ့ပေမယ့်လည်း နွားရဲ့ အလေးချိန်ကို လေယာဉ်က မနိုင်တော့ တာကြောင့် ဂျပန်ပင်လယ်ပြင်အရောက်မှာတော့ ဒီနွားကို ပစ်ချခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။ ဒီအခါကျမှ လူအားလုံးရဲ့ သံသယတွေဟာ ရှင်းသွားကြပြီး ဒီနေ့အချိန်အထိ ထူးဆန်းတဲ့ အဖြစ်အပျက်လေးတစ်ခု အဖြစ် ထင်ကျန်ရစ်ခဲ့ပါတယ်။  

Source : Google 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။