လက်ရှိပြည်တွင်း ကြောက်စရာပြစ်မှုတွေကတော့ မကြာခနဆိုသလို ဖြစ်ပေါ်နေတာတွေ့ရပါတယ်။ အဆိုပါ ပြစ်မှုတွေထဲမှာ သေနတ်ပစ်ခတ်မှု ဓါးထိုးလူသတ်မှုတွေအပြင် အခြားသော ခိုးဆိုးလုနှိုက်မှုတွေလည်းများစွာဖြစ်ပေါ်နေတာတွေ့ရပါတယ်။ ဒီကနေ့ ဒီဇင်ဘာလ ၃ရက်နေ့ တွင်လည်း ဆွဲကြိုးလုယက်မှုတစ်ခုဖြစ်ပေါ်ခဲ့ကြောင်း သိရပါတယ်။  

ဒီကနေ့ ဒီဇင်ဘာလ ၃ ရက်နေ့ နံနက် ၉နာရီ ၁၅မိနစ်ဝန်းကျင်လောက်က ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားမြို့နယ် ၃၇လမ်းမပေါ်တွင် ဆွဲကြိုးလုယက်မှုတစ်ခုဖြစ်ပေါ်ခဲ့ကြောင်း သိရပါတယ်။ အလုခံရသူမှာအမျိုးသမီးတစ်ဦးဖြစ်ပြီး လုယက်သူအမျိုးသားကိုတော့ ဝိုင်းဝန်းဖမ်းဆီးနိုင်ခဲ့ကြောင်း သိရပါတယ်။  

မကြာခဏဖြစ်ပေါ်နေတဲ့ ကြောက်စရာဆွဲကြိုးလုယက်မှုတွေထဲမှာ ပြန်လည်ဖမ်းဆီးနိုင်ခဲ့တဲ့ ဖြစ်ရပ်တစ်ခုဖြစ်ပြီး တာဝန်သိပြည်သူများရဲ့ ဝိုင်းဝန်းဖမ်းဆီးမှုကြောင့် တရားခံကိုဖမ်းမိခဲ့တာဖြစ်ကြောင်း သိရပါတယ်။ လက်ရှိ ပစ္စည်းကို ပြန်လည်ရရှိခဲ့ပြီး တရားခံကို သက်ဆိုင်ရာရဲစခန်းသို့ ပို့ဆောင်သွားမှာဖြစ်ကြောင်း သိရပါတယ်။ ခရီးသွားပြည်သူများ သတိပြုသွားလာနိုင်စေရန် ဒီကနေ့ နံနက်ပိုင်းကဖြစ်ပေါ်ခဲ့တဲ့ လုယက်မှုဗီဒီယိုဖိုင်လေးကို ချစ်ပရိသတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်။

Video - mar thukha

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။