မခိုင်လေးကို Online Shopping ကပစ္စည်းပို့တဲ့သူလို့အထင်လွဲမိတဲ့ ငိုအားထက်ရယ်အားသန်အကြောင်းကို သရုပ်ဆောင်မနှိုင်​းရှင်​မြင့်မိုရ်ကအမှတ်တရပြောပြထားပါတယ် ။ Shooting မှာ ရုပ်ရှင်ရိုက်နေတဲ့ မနှိုင်​းရှင်​မြင့်မိုရ်က ဒါရိုက်တာတိုင်ပင်ခေါ်တာကိုစောင့်ပြီး စရိုက်ရတော့မယ့်အချိန်မှာ ဖုန်းဝင်လာပြီး (နှိုင်​းရှင်​လား နှိုင်​းရှင်​လား) လားလို့မေးနေတဲ့သူကို  ဘယ်သူမှန်းမသိဘဲ မအားတဲ့အချိန်ကျမှ ဖုန်းဝင်လာတာမို့ စိတ်​မရှည်​​တော့လို့ အသံခပ်​မာမာနဲ့ ​(ပြော ဘယ်​သူလဲ ....) ဆိုပြီး ဆောင့်ကြီးအောင့်ကြီးပြောလိုက်မိတယ်တဲ့ ။ စိတ်ထဲမှာတော့ပစ္စည်းမှာထားတဲ့ Online Shopping ကပို့မယ့်သူကခုကျမှဖုန်းဆက်ရသလားလို့ ထင်မိတာ ... ​ဒေါနဲ့​မောနဲ့ ခပ်​​ချေ​ချေပဲ ​(အေး​....​ပြော...ဘယ်​သူလဲ) ဆိုတော့မှ (နှိုင်​းရှင်​...အမ....မခိုင်​​လေး...မခိုင်​​လေးတဲ့.)

အဲဒီလဲမမှတ်မိသေးဘဲ ဘယ်​ကမခိုင်​​လေးလဲလို့ဆက်​အော်​ဦးတော့မလို့ ပြီးမှ မခိုင်သင်းကြည်အသံမှန်းသတိထားမိသွားပါတယ်တဲ့ ။ မခိုင်သင်းကြည်ကကားကြီးမှာတွဲဖို့ ကားရိုက်​ချိတ်​​ပေး​ဖို့ ဖုန်းဆက်တာပါ ... ဖုန်းချပြီးမှ မခိုင်သင်းကြည်ကိုအထင်မှားမိလို့ ကန်​​တော့ အမ ဆိုပြီး စိတ်ထဲကတောင်းပန်ရပါတယ် ကျေးဇူးလဲတင်ပါတယ်လို့ ပြောထားပါတယ် ။ ဖြစ်မှဖြစ်ရလေ မခိုင်လေးရယ် ... 

Source : Nhying Shin's FB 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။