ပရိသတ်ကြီးကို ဒီတစ်ခါဖော်ပြပေးချင်တာကတော့ ပုံမှန်ရုပ်တု တွေကနေ ခွဲထွက်လာပြီး သူမတူ ထူးခြားလှတဲ့ ရုပ်တုတွေအကြောင်းပဲ ဖြစ်ပါတယ်။ ရုပ်တုထုတ်လုပ်ခြင်း အနုပညာဟာ ပန်းဆယ်မျိုးထဲမှာ ပါဝင်ပြီး ပန်းပုပညာရပ်ထဲမှာလည်း ပါဝင်တာ ဖြစ်ပါတယ်။ အခုတစ်ခါ ဖော်ပြထားတဲ့ ပုံရိပ်တွေကတော့ ဘယ်လိုမှ မဖြစ်နိုင်တာတွေကို ထုလုပ်ထားတဲ့ ရုပ်တုတွေပဲ ဖြစ်ပါတယ်။

ရုပ်တုတွေကိုကြည့်လိုက်ရင် ထုလုပ်ခဲ့သူတွေရဲ့ စိတ်ကုူးဉာဏ်ကွန့်မြူးမှုတွေကို တွေ့မြင်နိုင်မှာပဲ ဖြစ်ပါတယ်။ တချို့ရုပ်တုတွေဆိုလျှင် အပြင်မှာသာ တစ်ကယ်မမြင်ဖူးပါက ကွန်ပျူတာအထူးပြုလုပ်ချက်တွေနှင့် လုပ်ထားသလားဟု ထင်မှတ်ရလောက်အောင်ပင် လက်ရာမြောက်လွန်းလှပါတယ်။ ယခုဖော်ပြထားတဲ့ရုပ်တုတွေကတော့ နိုင်ငံတကာမှ ထင်ရှားလှတဲ့ အနုပညာလက်ရာတွေပဲ ဖြစ်ပါတယ်။  

ထိုကဲ့သို့ လက်ရာမြောက်လွန်းတဲ့ရုပ်တုတွေဟာ ကမ္ဘာအနှံ့တစ်ဝန်းမှာရှိပြီး တချို့ရုပ်တုတွေဟာဆိုလျှင် နျစ်ပေါင်းများစွာက ထုပ်လုပ်ထားခဲ့တဲ့ လက်ရာတွေလည်းရှိပါတယ်။ တချို့ရုပ်တုတွေဆိုလျှင် မည်ကဲ့သို့သော ရည်ရွယ်ချက်တွေနှင့် ထုလုပ်ခဲ့တယ်ဆိုတာကိုတော့ မသိပေမယ့်လည်း ကြည့်ရှုသူအပေါင်းကိုတော့ မတူညီတဲ့ အတွေးပေါင်းများစွာကို စဉ်းစားရစေနိုင်တဲ့ လက်ရာတွေပဲ ဖြစ်ပါတယ်။  

Source : Did U Know 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။