ပလက်ဖောင်းပေါ်အိပ်နေတဲ့ ပန်းရောင်းတဲ့ကလေးငယ် ၂ဦး စစ်တပ်ဆီသယ်ကားတိုက်မိသောကြောင့် သေဆုံးမှုဖြစ်ပွား

ထိုဖြစ်စဉ်လေးကတော့ ဒီနေ ့မနက်ပိုင်းမှာ ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ရေတာရှည်မြို ့နယ်မှာ ဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ်။

ရေတာရှည်မြို့နယ် ဆွာမင်းလမ်းကျေးရွာအုပ်စု မှန်စီကျေးရွာအနီးရှိ ဆွာတိုးဂိတ်မှာ ဒီနေ ့ မနက် ၆နာရီကျော်က လမ်းဟောင်းအတိုင်း နေပြည်တော်ဘက်မှ

ရန််ကုန်ဘက်သို ့မိတ္ထီလာမြို ့စက်သုံးဆီ ထိန်းသိမ်းရေးတပ်ခွဲက ယာဉ်မောင်းဒုတပ်ကြပ်မျိုးမင်းအေး မောင်းနှင်လာတဲ့ နီဆန်း ၁၀ ဘီးဆီသယ်ဘောက်ဆာ

ယာဉ်ဟာ တိုးဂိတ်အရောက်မှာ အရှိန်မထိန်းနိူင်ဘဲ လမ်းရဲ့ ယာဘက်ဘေးပလက်ဖောင်းကို ကျော်တက်ကာ ရပ်ထားတဲ့ ဆိုင်ကယ်ကိုတိုက်မိပြီး လမ်း

အနောက်ဘက်ခြမ်းရှိ ဝန်ထမ်းအိမ်ယာခြံစည်းရိုးကို ထပ်မံတိုက်မိ ရပ်တန့်သွားခဲ့ခြင်းဖြစ်ပါတယ်။

ဒီအကြောင်းအရာနဲ ့ပတ်သက်ပြီး “မနက် ၆ နာရီကျော်လောက်ကဖြစ်တာပါ။ ပလက်ဖောင်းပေါ်မှာက ဒီဂိတ်မှာ

ပန်းရောင်းတဲ့ ခလေး ၃ ယောက်အိပ်နေတာ၊ တစ်ယောက်ကတော့ လန့်နိုးပြီး ထပြေးတော့လွတ်သွားတယ်။ နှစ်ယောက်ကတော့ အခင်းဖြစ်နေရာမှာပဲ သေဆုံးသွားတယ်။ ကားကဘရိတ်ပေါက်တာလို့လဲ ပြောတယ်”လို့ မှန်စီကျေးရွာ နာရေးကူညီမှုအသင်းမှ ကိုဝင်းနိုင်က ပြောသွားခဲ့ပါတယ်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် အသက် ၁၃ နှစ်အရွယ် ပန်းရောင်းတဲ့ မောင်မောင်ဝေ ရဲ့ နားသွေးထွက် ဒဏ်ရာနဲ့ လက်မောင်းစုတ်ပြဲဒဏ်ရာ၊ အသက် ၁၁

အရွယ် မောင်ဆန်းရဲ့ လက်ကောက်ဝတ် ကျိုးကြေဒဏ်ရာနဲ့ ဝဲဘက်ခြေဖမိုးစုတ်ပြဲဒဏ်ရာတို့ ရရှိခဲ့ပြီး သေဆုံးသွားခဲ့ပါတယ်။

အခုလို ဖြစ်ပွားခဲ့တဲ့ ယာဉ်တိုက်မှုနဲ့ ပတ်သက်ပြီး လူသေဆုံးအောင် ယာဉ်ကို မဆင်မခြင်မောင်းနှင်တဲ့ ယာဉ်မောင်း ဒုတပ်ကြပ်မျိုးမြင့်အေးကို ဆွာနယ်မြေရဲစ

ခန်းမှ ယာဉ်(ပ)၃/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-ကနဲ့ အမှုဖွင့်အရေးယူထားကြောင်းလည်း သိရှိရပါတယ်။

သတင်း-သားကြီး (တောင်ငူ)

Source: DVB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။