ရိုဆန်တဲ့ ယောကျာ်းအများစုကတော့ သူတို့ချစ်သူတွေ ကို အမှတ်မထင် လက်ထပ်ခွင့်တောင်းတတ်ကြပါတယ်။ ချစ်သူနဲ့ဘောလုံးပွဲတူတူကြည့်နေရင်း ကောင်လေးက လက်ထပ်ခွင့်တောင်းတာမျိုး ပွဲတစ်ခုခုသွားကြည့် ရင်း လူအများရှေ့မှာ ဒူးထောက်ပြီး လက်ထပ်ခွင့်တောင်းတာက ယနေ့ခေတ်မှာ ခေတ်စားလာခဲ့ပါတယ်။ 

မကြာမီက ကစားသွားခဲ့ကြတဲ့ အုပ်စုတွင်း ပွဲစဉ်တွေဖြစ်ကြတဲ့ မလေးရှားအသင်း နဲ့ မြန်မာအသင်းတို့ ကစားခဲ့တဲ့ ပွဲစဉ်ပထမပိုင်းအပြီးမှာ မလေးရှားအသင်း ပရိသတ်တစ်ဦးက သူ့ရဲ့ချစ်သူကောင်မလေးကို ဘောလုံပွဲအတူတူ ကြည့်နေရင်း လက်ထပ်ခွင့်တောင်းခံခဲ့ပြီး အဆိုပါကိစ္စဟာ လက်မှုကွန်ယက်ထက်မှာ ရေပန်းစားခဲ့ပါသေးတယ်။ 

ယနေ့မှာတော့ ဘာလီယူနိုက်တက် နဲ့ ပါစီဂျာအသင်း တို့ကစားခဲ့တဲ့ ပွဲစဉ်ဖြစ်ပြီး ဧည့်သည်ပါစီဂျာအသင်းက အဝေးကွင်းမှာ (၂) ဂိုး (၁) ဂိုးရလဒ်နဲ့ အနိုင်ယူခဲ့ပါတယ်။ထူးခြားချက်တစ်ခုကတော့ သူတို့ချစ်သူနှစ်ဦးအားပေးတဲ့အသင်းတွေက ပြိုင်ဘက်အသင်းတွေဖြစ်နေခဲ့ပြီး ပါစီဂျာအသင်းပရိသတ်ကောင်လေးက ဘာလီယူနိုက်တက် အသင်းရဲ့ ပရိသတ်သူ့ကောင်မလေးကို လက်ထပ်ခွင့်တောင်းခဲ့ပြီး ကောင်မလေးကလက်ထပ်ခွင့်ကို လက်ခံခဲ့ပါတယ်။ 

SOURCE: FOXSPORTASIA 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။