လူငယ်တွေကတော့ ဝင်းဦးတို့လောက်ပဲ ကြားဖူးနားဝရှိကြတဲ့အတွက် အဆိုပါအဖွားအို ဘယ်သူဘယ်ဝါဆိုတာ မပြောရင်မသိနိုင်ပါဘူး။

သူမကတော့ အဘိုးအဘွားတွေခေတ်က ရှားရှားပါးပါး မြန်မာဆန်ဆန် မြန်မာသံ အဆိုတော် မစိမ်းစိမ်း ဖြစ်ပါတယ်။ဝင်းဦးတို့ခေတ်က အတူသီဆိုအောင်မြင်ခဲ့တဲ့ အဆိုရှင်တစ်ဦးလည်းဖြစ်တယ်လို့သိရပါတယ်။

လူမှုကယ်ဆယ်ရေးလုပ်ငန်းတွေဦးဆောင်လုပ်ကိုင်နေတဲ့ ဆရာမ သန်းမြင့်အောင်က

ရန်ကုန်မန္တလေး အမြန်လမ်းမပေါ်မှာ တစ်ထောက်နားနေတုန်း လူနာတင်ကားပေါ်မှာ ထိုင်နေတဲ့ အဖွားအို နဲ့ပတ်သက်ပြီး အခုလို သူမသိသလောက် ပြန်လည်မျှဝေခဲ့ပါတယ်။ 

“သက်ရှိအနုပညာပိဋကပ်တိုက်မှာထားရမဲ့တခေတ်တခါကမြန်မာဆန်ဆန်မြန်မာသံအဆိုတော်မစိမ်းစိမ်းရဲ့ရုပ်ပုံလွှာများနဲ့.............

ယနေ့(၉.၃.၂၀၁၇)ရန်ကုန်မန္တလေးအမြန်လမ်းပေါ်မှာတစ်ထောက်နားနေတုံး Ambulanceပေါ်ကအဘွားအိုကလမ်းမပေါ်မှာပြောင်းဖူးပြုတ်ရွက်ရောင်းနေတဲ့အဘွားအိုကို"သနားလိုက်တာခေါ်ဝယ်လိုက်ကြစမ်းပါ..ခေါ်ဝယ်လိုက်ကြစမ်းပါ"ဆိုလို့သူနာပြုသမီးလေးတွေကပြောင်းဖူးပြုတ်တွေအများကြီးဝယ်လိုက်တော့ အဘွားအိုနှစ်ယောက်လုံးစိတ်ချမ်းသာသွားပါရော...Ambulanceပေါ်ကအဘွားအိုကဒေါ်စိမ်းစိမ်းပါ.....

ညကကျမဆည်းဆာရိပ်ရောက်လို့သူ့ဘေးမှာလူတွေဝိုင်းပြီးပြုစုကြတော့ နှုတ်ကတတွတ်တွတ်နဲ့ "ပျော်လိုက်တာ""ပျော်စရာကောင်းလိုက်တာ..အားရလိုက်တာ"နဲ့မျက်လုံးတွေကအရောင်တောက်လို့သီချင်းများတောင်ညည်းပြလိုက်သေး.....သမီးတို့ကိုကုသိုလ်တွေပေးလို့ ဆည်းဆာရိပ်ကိုယ်စားရော အနုပညာဆည်းဆာရိပ်ကိုယ်စားပါ ကျေးဇူးတင်ပါတယ် အမေ.......

(တပြိုင်ထဲမှာဘဲနုပြိုခြင်းနဲ့အိုမင်းရင့်ရော်ခြင်းဆိုတဲ့မတည်မြဲတဲ့သဘောတရားတွေနဲ့ဘဝကိုညည်းငွေ့မိပါတယ်)”” တဲ့အကြောင်း စိတ်မကောင်းခြင်းများစွာနဲ့ ရေးသားခဲ့ပါတယ်။

ဇရာ သဘောတရားကို ပြသလိုက်တဲ့ အဖွားအိုကို ဘယ်သူက အဆိုတော်စိမ်းစိမ်း ဆိုတာ ရုတ်တရက်မှတ်မိနိုင်ပါ့မလဲ… 

သတင်းအရင်းမြစ် Than Myint Aung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။