နူတ်ခမ်းလေးတွေမဲညိုနေတာတွေအတွက် ပန်းရောင်သမ်းတဲ့ နှုတ်ခမ်းတစ်စုံကို ပိုင်ဆိုင်စေဖို့ နည်းလမ်းလေးတွေကို တင်ပြပေးလိုက်ပါတယ်နော်။ ကမ္ဘာကျော်မင်းသမီးတွေလည်း နူတ်ခမ်းလှဖို့အတွက် ဆေးထိုးဆေးစားတာတွေ လုပ်နေကြရပါတယ်။ မျက်နှာတစ်ခုမှာ နှုတ်ခမ်းလေးက ပိုဆွဲဆောင်မှုရှိတယ်ဆိုရင် ကိုယ်ကိုကိုယ်လည်း ပိုယုံကြည်မှုရှိနိုင်ပါတယ်။ကိုယ့်နူတ်ခမ်းသားအရောင်ကလည်း လှပဖို့လိုပါသေးတယ်။ တစ်ချို့ဆို နှုတ်ခမ်း လေးတွေမည်းနေတတ်တယ်လေ။ အမျိုးသမီးတွေပဲ နှုတ်ခမ်းအသားရောင်ကို ဂရုစိုက်ကြတာမဟုတ်ပါဘူး။ ခုခေတ်မှာ အမျိုးသား တွေကလည်း အသားအရည်ကိုပိုဂရုစိုက်လာကြပါပြီး။ ဒါကြောင့် အခုတင်ပြပေမဲ့ နည်းလမ်းလေးက အမျိုးသားရော အမျိုးသမီးပါ လုပ်နိုင်တဲ့ နည်းလေးဖြစ်ပါတယ်နော်။ 

အမျိုးသားတွေဆိုရင် ဆေးလိပ် ကောဖီ၊ လ္ဘက်ရည်၊ နေပူထဲထွက်ခြင်း ၊တို့ကြောင့် အများအားဖြင့် နူတ်ခမ်း သားတွေမဲတတ်ကြပါတယ်။ အမျိုးသားတွေရော၊ အမျိုးသမီးတွေပါ ဆေးဝါးတွေ ဆက်တိုက်သောက်နေရ ခြင်း၊တို့ကြောင့်လည်းဖြစ်နိုင်ပါတယ်။ဒါကြောင့် မဲနေတဲ့နူတ်ခမ်းတွေ ပြန်ကောင်းလာအောင် အလွယ်ကူဆုံး နည်းလေးကတော့ သကြားနဲ့ ပွတ်ပေးနော်။ သကြား လ္ဘက်ရည်ဇွန်း ၃ ဇွန်း ကိုထောပတ်နဲ့ ရောပါ။ရလာတဲ့ အနှစ်ကို နူတ်ခမ်းပေါ်လိမ်းပေးရင်ရပါပြီး။ ထောပတ်ဟာအစိုဓာတ်ကို ထိမ်းထားပေးပြီး သကြားကတော့ ဆဲလ်အသေတွေကို ဖယ်ရှားပေးတဲ့ ဓာတ်သတိတွေ ရှိကြပါတယ်။မုန်လာဥနီ ရဲ့အစွမ်းသတိကလည်း နူတ်ခမ်းသားတွေ မည်းနေတာကို ပျေက်အောင်ကာကွယ်ပေးပါတယ်။ သံလွင်ဆီလိမ်းပါကလည်း နူတ်ခမ်း သားတွေက စိုတောက်လာပါလိမ့်မယ်။ နောက်တစ်ခုကတော့ နှင်းဆီပွင့်ချပ်လေးတွေကို ထောပတ်နဲ့ ရောာထောင်းြ့ပီး အနှစ်ကို နူတ်ခမ်းပေါ် (၁၀)မိနစ်လောက် အုံထားပေးပါ။ တစ်ပတ်ကို ၂ ကြိမ်လုပ်ပေးနိုင်ပါ တယ်။စတော်ဘယ်ရီသီးလေးတွေကလည်း နူတ်ခမ်းသားမည်းခြင်းအတွက် ဆေးကောင်းတစ်လက်ဖြစ်ပါ တယ်။ အပေါ်ကဖော်ပြခဲ့တဲ့ အသီးလေးတွေနဲ့ ရှာစောင်းလက်ပတ်အနှစ် ၊ပျားရည်တို့နှင့် ရောစပ်ကာ နူတ်လမ်းသားတွေအပေါ် ၁၀ မိနစ် ပွတ်တိုက်ပေးပြီး ရေးဖြင့် ပြန်ဆေးချပေးပါ။ 

အထက်ပါနည်းလမ်းလေးတွေကို ညအိပ်ခါနီတိုင်းလုပ်ပေးခြင်းဖြင့် နူတ်ခမ်းသားလေးတွေ အရင်းအတိုင်း ပန်းရောင်ပြောင်းလာပါလိမ့်မယ်။ နောက်တစ်နည်းကတော့ (ငှက်ပျောသီး မှည့်ကို ပျားရည်၊နွားနို့ သမ အောင်ရောပြီး နေ့စဉ်လိမ်းပေးပါ။ (၁၀)မိနစ်ထား ပြီးရေဖြင့်ဆေးချပေးပါ။ ကဲဒီလောက်ဆို မဲညိုနေတဲ့ နူတ်ခမ်းသားတွေကို ပန်းရောင်သမ်းအောင်လုပ်နည်းလေးတွေသိ ထားပြီဆို တော့အိမ်မှာလုပ်ကြည့်ဖို့ကို တိုက်တွန်းချင်ပါတယ်နော်။ 

Source : pauk pauk 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။