ယခုနှစ်နွေရာသီတွင် အန္တရာယ်ဖြစ်စေနိုင်တဲ့ အပူဒဏ်လေးမျိုးကျရောက်မည်ဖြစ်သလို ဇီကာဗိုင်းရပ်စ်ရောဂါလည်း ဖြစ်နိုင်၍

သတိထားနေသင့်ကြောင်း ဒေါက်တာထွန်းလွင်သတိပေး

ယခုနှစ် နွေရာသီတွင် အပူချိန်လွန်ကဲနိုင်ပြီး လူကို အန္တရာယ်ဖြစ်စေနိုင်တဲ့ အပူဒဏ်လေးမျိုး ကျရောက်မှာ ဖြစ်သလို ဇီကာ ဗိုင်းရပ်စ် ရောဂါ လည်းဖြစ်နိုင်တဲ့

အတွက် သတိထားနေသင့်ကြောင်းကို မိုးလေဝသနှင့် ဇလဗေဒပညာရှင် ဒေါက်တာထွန်းလွင်က သတိပေးပြောကြားထားပါတယ်။

''အခုနွေလည်း ပူဦးမယ်။ ကမ္ဘာကြီး ပိုပူလာနေတာ ပြောတာပေါ့။ တစ်နှစ်ထက်တစ်နှစ် ပိုပူနေတယ်။ အပူရှိန်ကြောင့် အပူလျှပ်ရောဂါ၊ ချွေးထွက်လွန်ရောဂါ၊

ဗိုင်းရပ်စ်ကတော့ ဇီကာ ဗိုင်းရပ်စ် ဒါမျိုးတွေ ဖြစ်နိုင်တာပေါ့၊ သတိထားသင့်တယ်''လို ့ ဦးထွန်းလွင်က အကုန်သိသတင်းဌာနကို ပြောသွားပါတယ်။

၂ဝ၁၇ ခုနှစ်ရဲ ့နွေရာသီအပူချိန်ဟာပြီးခဲ့တဲ ့ ၂ဝ၁၅ နှင့်၂ဝ၁၆ ခုနှစ်များထက် အပူဒဏ်မပြင်းပေမယ့်လည်း ပုံမှန်နွေ ရာသီထက် ပိုမိုပူပြင်း နိုင်ကြောင်း၊

မြန်မာပြည်အလယ်ပိုင်းဒေသများတွင် အပူချိန် ၄ဝ မှ ၄၃ ဒီဂရီစင်တီဂရိတ်အထိ ရှိပြီး အောက်ပိုင်းဒေသ များ၌ အပူချိန် ၄ဝ ဒီဂရီစင်တီဂရိတ်အထိ ရှိနိုင်တယ်လို ့ ဒေါက်တာထွန်းလွင်က သူ့ရဲ ့ တရားဝင်လူမှုကွန်ရက်စာမျက်နှာ တွင် ရေးသားဖော်ပြထားတာကိုတွေ ့ရှိရပါတယ်။

ယခုနှစ်နွေရာသီတွင် လူကို အန္တရာယ်ဖြစ်စေနိုင်တဲ့ အပူဒဏ်ကျရောက်မှု (၄)မျိုးကတော့ နေ့အပူချိန်များ စံချိန်တင်အောင်မြင့်တက်ခြင်း၊ အပူချိန်စံချိန်

တင်အောင် မမြင့်တက်သော်လည်း အမြင့်ပိုင်းအပူချိန်များတွင် နေ့စဉ်ရက်ဆက်အချိန်ကြာမြင့်စွာ ကျရောက်နေသဖြင့် အပူဒဏ် (Heat Stress) ခံစားရခြင်း၊

လေထုအတွင်းရေငွေ့ များရောနှောပါဝင်လာမှုကြောင့် ခန္ဓာကိုယ်ခံစားရသောအပူချိန် (Feel Temperature)တွင် လေအပူချိန် သာမက ရေငွေ့အပူချိန်

ပါပေါင်းစပ်လာသဖြင့် လူ၏ခံနိုင်သောအပူချိန်ကို ကျော်လွန်သော အပူဒဏ်ကိုခံစားရခြင်း(High Heat Index)၊နှင့် ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်း

(Ultra-Violet Index) မြင့်မားခြင်း တို့ဖြစ်တယ်လို ့ ဒေါက်တာထွန်းလွင် က သူ၏လူမှုကွန်ရက် စာမျက်နှာမှာ ရေးသားဖော်ပြထားပါတယ်။

ကာကွယ်ခြင်းဟာ ကုသခြင်းထက်ကောင်းမွန်တာမို ့အန္တရာယ်ဖြစ်စေနို်င်တဲ့ အပူဒဏ်လေးမျိုးနဲ ့ဇီကာဗိုင်းရပ်စ်ရောဂါကို ကြိုတင်သတိပြုကာကွယ်

သင့်လှပါတယ်။

Source: Akonthi 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။