လူကိုရောဂါဖြစ်စေတဲ့ စီးကရက်တွေရဲ့နေရာမှာအစားထိုးတဲ့အနေနဲ့ ပြုလုပ်ထားတဲ့E-Cigarette တွေကို လူငယ်တော်တော်များများက ယနေ့ခေတ်ကာလမှာသောက်သုံးလာကြတာတွေ့ရပါတယ်။

တချို့လူတွေကတော့ စီးကရက်ဖြတ်ချင်လို့သောက်လုံးကြပေမယ့် တချို့လူတွေကတော့ အပျော်သဘောနဲ့ စမ်းသောက်ကြတဲ့သူတွေလည်းအများကြီးရှိကြပါတယ်။

ဒါပေမယ့် ဒီ E-Cigarette ကိုသောက်သုံးတဲ့ ကနေဒါနိုင်ငံက လူငယ်လေးတစ်ယောက်ကတော့ အဖြစ်ဆိုးတစ်ခုနဲ့ကြုံတွေ့ခဲ့ရပါတယ်။ 

သူဟာ အသက် ၁၆ နှစ်အရွယ် Ty Green ဖြစ်ပြီး E-Cigarette ကိုသောက်သုံးနေတဲ့အချိန်မှာ ထပေါက်တာကြောင့် မျက်နှာမှာ လောင်ကျွမ်းဒဏ်ရာကြီးရရှိခဲ့တာပဲဖြစ်ပါတယ်။

ကံကောင်းထောက်မပြီးတော့ သူ့ရဲ့အသက်မသေခဲ့ပေမယ့် မျက်နှာတစ်ခုလုံးစုတ်ပြတ်သတ်သွားခဲ့သလို သွားတွေလည်းကျိုးသွားခဲ့ပါတယ်။  

သူဟာ ဒီပေါက်ကွဲဒဏ်ရာကြောင့်ဘဲ အချိန်ကြာမြင့်စွာဆေးရုံတက်ခဲ့ရသလို ကိုယ့်မျက်နှာကိုမှန်ထဲပြန်ကြည့်တိုင်း ဒီဖြစ်ရပ်ဆိုးကြီးကို မမေ့နိုင်ဖြစ်နေခဲ့ရပါတယ်။

ပရိသတ်တွေလည်း ဒီဖြစ်ရပ်လေးကို နမူနာထားပြီး မဖြစ်သင့်တာမဖြစ်ရအောင် ကာကွယ်နိုင်စေဖို့အတွက် ဒီသတင်းလေးကို ဖော်ပြပေးလိုက်ရပါတယ်။

source - Mic

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။