ပရိသတ်ကြီးကို ဒီတစ်ခါ ဖော်ပြပေးချင်တာကတော့ ကမ္ဘာပေါ်မှာ အထူးဆုံးဆန်းသော အကျဉ်းထောင်ကြီး တစ်ခုအကြာင်းကို ဖော်ပြပေးချင်ပါတယ်။ ဒီအကျဉ်းထောင်ကြီးဟာ အမေရိကန်နိုင်ငံ ၊ ကာ်လိုရာဒိုပြည်နယ်၊ဖလောရင့်စ် တွင်တည်ရှိပြီး ဒီအကျဉ်းထောင်ကို ၁၉၉၄ ခုနှစ်တွင် ဖွင့်လှစ်ခဲ့ကာ ပြည်ထောင်စုအကျဉ်းထောင်များ ဗျူရို မှ စီမံခန့်ခွဲမှုများကို ဆောင်ရွက်ပါတယ်။ လူအများစုကတော့ ဖလောရင့်စ် အကျဉ်းထောင်ကို ငရဲနှင့်တူညီသည့် အရှင်းလင်းဆုံးပုံစံတူနေရာဟု တင်စားခေါ်ဆိုကြပါတယ်။ 

ဒီထောင်အတွင်းကို ကင်မရာ ရိုက်ခွင့်မပြုပဲ ထောင်ထဲမှာ အကျဉ်းခံရသူတွေကတော့ အယ်လ်ကိုင်ဒါ လေယာဉ်ပြန်ပေးဆွဲ သမား၊ ဖိနပ် ဗုံးထောင်သူ၊အိုလံပစ် ပန်းခြံ ဗုံးခွဲသူနှင့် ကုန်သွယ်မှု ဗဟိုဌာနကို တိုက်ခိုက်မှုတွင် အဓိက ကြိုးကိုင်ခဲ့သူ စသည့် လူသားများအတွက် အန္တရာယ်အကြီးမားဆုံး တရားခံများကို ထိန်းသိမ်းထားတာပဲ ဖြစ်ပါတယ်။ အကျဉ်းထောင်တစ်ခုလုံးသည်လုံး၀ တိတ်ဆိတ်နေကာ တရားခံများသည် မည်သူတစ်ဦး တစ် ယောက်နှင့်မှ မြင်တွေ့ ရခြင်း၊စကားပြောဆိုရခြင်းမျိုးတွေ မရှိပါဘူး ။ 

အကျဉ်းသားများအား တစ်ရက်လျှင် တစ်နာရီခန့် မိမိအခန်းမှ အပြင်သို့ ထွက်ခွင့်ပြုထားခြင်းဟာ မိမိအခန်းမှ အခြားအခန်းတစ်ခန်းသို့ ပြောင်းရွှေ့ပေးခြင်းသာဖြစ်ပြီး မည်သည့် ရှုကွင်းကိုမှ မမြင်တွေ့ရ ဘဲ အထီးကျန်စွာထားရှိထားတာပဲ ဖြစ်ပါတယ်။ အကျဉ်းထောင် ဖွင့်လှစ်ပြီးအချိန်မှ စပြီး ယနေ့အချိန်အထိ မိမိကိုယ်ကို သေကြောင်း ကြံတဲ့ အကျဉ်းသားပေါင်း ၇ယောက်အထိ ၇ှိပြီး ဘယ်သူမှ အသက်ရှင်ရက် မလွတ်မြောက်နိုင်သေးဘူးလို့ လည်း သိရပါတယ်။

Source : Thu ta swal sone Magazine 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။