အဝလွန်နေတယ်ဆိုတာက ရှက်စရာတစ်ခုတော့မဟုတ်ပေမယ့် လူအများရဲ့စနောက်မှုတွေကို ခံရပါများလာတဲ့အခါမှာတော့ အဝလွန်သူတွေဟာ လူတွေနဲ့စကားပြောဆိုဆက်ဆံရမှာကိုတောင် ရှက်ကြောက်လာတတ်ကြပါတယ်။

ရှက်ကြောက်မှုရဲ့နောက်ကွယ်ကနေ ကပ်ပါလာတဲ့ ယုံကြည်မှုပြောက်ဆုံးမှုတွေ ၊ မိမိကိုယ်ကို သိမ်ငယ်မှုတွေက သူတို့ရဲ့ဘဝနေထိုင်မှုကိုပါ ထိခိုက်မှုတွေဖြစ်ပေါ်လာစေတတ်ပါတယ်။

ဒါပေမယ့် အခုလိုရှက်ကြောက်မှုတွေ လူအများရဲ့စနောက်မှုတွေကို တွန်းလှန်ပြီး အားလုံးကြပြန်ငေးမောသွားရတဲ့ ခန္ဓာကိုယ်လေးဖြစ်လာအောင် ပြန်လည်ကြိုးစားပြခဲ့သူတွေလည်းရှိကြပါတယ်။ 

အခုအခါမှာဆိုရင်လည်း အဝလွန်နေတဲ့ အသက် 27 နှစ်အရွယ်အမျိုးသမီးလေး Simone Anderson ဟာ လူအများနဲ့ Challenge ခေါ်ပြီး အချစ်စစ်ကိုရယူနိုင်ခဲ့တဲ့ဖြစ်ရပ်လေးတစ်ခုထွက်ပေါ်လာခဲ့ပါတယ်။

သူမကတော့ အဝလွန်နေတဲ့ခန္ဓာကိုယ်ကြောင့် လူအများရဲ့ဝိုင်းဝန်းလှောပြောင်မှုကိုခံခဲ့ရသလို သူမချစ်တဲ့အမျိုးသားကိုတွေ့ရှိခဲ့ချိန်မှာတောင် သူ့ဘက်ကဖြစ်ပေါ်နေတဲ့သိမ်ငယ်စိတ်တွေကို မထိန်းထားနိုင်ခဲ့ပါဘူး။

ဒါပေမယ့် တနေ့မှာတော့ Anderson ဟာ ငါ့ကိုဝိုင်းစနောက်နေကြတာတွေကို ငါဒီအတိုင်းငြိမ်ခံနေလို့မဖြစ်တော့ဘူး ၊ ငါပုံစံပြောင်းမှရတော့မယ်ဆိုတဲ့ စိတ်နဲ့ Challenge ခေါ်ပြီး သူမရဲ့ခန္ဓာကိုယ်ကို စတင်ပြုပြင်းပြောင်းလဲခဲ့ပါတယ်။ 

ပြုပြင်ပြောင်းလဲနေတဲ့အချိန်အတွင်းမှာတော့ သူမဟာ အခက်အခဲတွေလည်းများခဲ့သလို နှစ်အနည်းငယ်လည်းကြာမြင့်ခဲ့ပေမယ့် အခုအချိန်မှာတော့ သူမရဲ့ပုံရိပ်လေးမှာ ပရိသတ်တွေမြင်တွေ့ရတဲ့အတိုင်း အရမ်းကိုလှပနေခဲ့ပါပြီ။

ဒါ့အပြင် သူမဟာ ချစ်ရတဲ့သူနဲ့လည်း မကြာခင်အချိန်လေးကမှာ စေ့စပ်ထားနိုင်ခဲ့ပြီဖြစ်တာကြောင့်လည်း သူမရဲ့မင်္ဂလာရက်မြတ်မှာ သိပ်မကြာခင်မှာကျရောက်လာတေ့ာမှာပဲဖြစ်ပါတယ်။

ပရိသတ်ကြီးရေ အဝလွန်နေတာကရှက်စရာမဟုတ်ဘူးနော် ကိုယ်လည်းကြိုးစားရင် ဒီအမျိုးသမီးလေးလိုမျိုး အရမ်းကိုလှပလာနိုင်ပါတယ်နော်။

source - Daily Mail

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။