အမေရိကန်သမ္မတဟောင်း ဂျော့ချ်အိန်ချ်ဒဗလျူဘုရှ် ကတော့ နိုင်ဝင်ဘာလ ၃၀ ရက်နေ့က ဘဝတစ်ပါးသို့ကူးပြောင်းကွယ်လွန်သွားခဲ့ရပြီပဲဖြစ်ပါတယ်။

သူဟာ ပါကင်ဆန်ရောဂါနဲ့ သူနေထိုင်တဲ့နေအိမ်မှာပဲ ကွယ်လွန်သွားခဲ့တာဖြစ်ပြီး သူသေဆုံးချိန်မှာ အသက် ၉၄ နှစ်အရွယ်ရှိနေပြီပဲဖြစ်ပါတယ်။  

မနေ့ကဒီဇင်ဘာလ ၃ ရက်နေ့မှာဆိုရင်တော့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ဇနီးက ကွယ်လွန်သူ သမ္မတဟောင်း ဘုရှ် ရဲ့ ရုပ်အလောင်းကို လာရောက်ဂါရဝပြုခဲ့ကြပါတယ်။

ဂါရဝပြုကြသူတွေထဲမှာတော့ နိုင်ငံရေး အထင်ကရပုဂ္ဂိုလ်တွေလည်းပါဝင်သလို အရပ်ဘက်ပြည်သူတွေလည်းပါဝင်ခဲ့ပါတယ်။  

ဒါ့အပြင် ဒေါ်နယ်ထရမ့်ဟာ သမ္မတဟောင်း ဘုရှ်ရဲ့ ဈာပန အခမ်းအနားကျင်းပမယ့် ဝါရှင်တန် အမျိုးသားဘုရားကျောင်းကိုလည်း ဒီဇင်ဘာ ၅ ရက်နေ့မှာ ပိတ်ဖို့ညွှန်ကြားခဲ့တယ်လို့သိရပါတယ်။  

source - Dvb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။