မိခင်တိုင်း မိမိတို ့ရဲ ့ရင်သွေးငယ်ကို မိခင်နို ့ကိုသာ တိုက်ကျွေးဖို ့တိုက်တွန်းထားတဲ ့သက်မွန်မြင့်

ပြည်သူချစ်မင်းသမီးလေး သက်မွန်ကတော့ မိခင်တိုင်း မိမိတို ့ရဲ ့ရင်သွေးလေးတွေကို မိခင်နို ့ပဲ တိုက်ကျွေးကြဖို ့အတွက် အခုလိုပဲတိုက်တွန်းထားပါတယ် ။

“ကလေးတိုင်းအတွက် မိ်ခင်နို ့တိုက်ကျွေးခြင်းသည်သာ အကောင်းဆုံးဖြစ်ပါတယ် ။

အလှည့်စားမခံပါနဲ ့ ။ ကလေးနှို ့မှုန် ့တွေဟာ မိခင်နို ့နေရာမှာ အစားမထိုးနိုင်ပါဘူး ။

ကလေးနို ့မှုန် ့တွေဟာ မိခင်နို ့ကို အတုအပ ပြုလုပ်ထားခြင်းသာဖြစ်ပါတယ် ။

မိခင်နို ့တိုက်ရတာဟာ အချိန်အများကြီးပေးရပါတယ် ။ ဒါပေမယ့် ထိုက်တန်ပါတယ် ။

နေ ့ရော ညပါ ၁၀ ကြိမ်ကနေ ၁၂ ကြိမ်ထိ မိခင်နို ့တိုက်ကျွေးပေးဖို ့တိုက်တွန်းချင်ပါတယ် ။

မိခင်နို ့က တိုက်လေထွက်လေပါပဲ ။

မိခင်နို ့ရည်မှာ ကျွန်မကလေးအတွက် လိုအပ်သမျှ အာဟာရအားလုံးရှိနေပါတယ် ။

မိခင်နို ့ရည်ဟာ ကလေးလိုအပ်တဲ့ အစားအစာနဲ ့အရည်အားလုံးကို ဖြည့်စွမ်းပေးပါတယ် ။

မိခင်နို ့ရည်မှာ ရေဓါတ် (၈၈) ရာခိုင်နှုန်းပါဝင်ပြီး ကလေးလိုအပ်တဲ့ အာဟာရကို စုံလင်စွာ ပြည့်မီစေပါတယ် ။

မိခင်နို ့တိုက်ကျွေးခြင်းဖြင့် မိခင်တွေက ကလေးတွေကို ရောဂါအန္တရာယ်တွေကနေ ကာကွယ်ပေးနေတယ်ဆိုတာ သိပါသလား ။ ရောဂါကာကွယ်တဲ့

ဆဲလ်တွေကို ကလေးတွေဟာ မိခင်နို ့ရည် နဲ ့မိခင်ရဲ ့အရေပြားကနေ တဆင့်ရရှိပါတယ် ။ ကလေးယူဖို ့ပြင်ဆင်နေကြတဲ့ အသိမိတ်ဆွေတွေဆီ

ဒီသတင်းစကားလေးကို မျှဝေပေးကြပါဥိးနော်” လို ့သက်မွန်က သတင်းစကားလေးပေးထားပါတယ် ။

မိခင်နို ့ထက်ကောင်းတာမရှိလို ့မိခင်နို ့ပဲတိုက်ကြစို ့လို ့ဆိုတဲ့ သက်မွန်ရဲ ့သတင်းစကားလေးက တကယ်ကိို တန်ဖိုးရှိလှတာမို ့မိမိတို ့ရဲ ့အဖိုးတန်

ရင်သွေးလေးတွေကို မိခင်နို ့ရည်ကိုသာ တိုက်ကျွေးကြပါစို ့နော် ။

Source: Thet Mon Myint Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။