၂၀၁၈ခုနှစ်အတွက် တစ်နှစ်တာ အကောင်းဆုံး Ballon d'Or ဆုကို ရီးယဲယ်နဲ့ ခရိုအေးရှား ကွင်းလယ်လူ လူကာမိုဒရစ်က ထိုက်ထိုက် တန်တန် ရခဲ့ပါတယ်။ မိုဒရစ်ဟာ ဒီဆုကို ရီးယဲယ် အသင်းဖော်ဟောင်း ရော်နယ်လ်ဒိုကို ကျော်ပြီး ရခဲ့တာပါ။ အက်သလက်တီ တိုက်စစ်မှူး ဂရီးဇ်မန်းက တတိယရခဲ့ပြီး နာမည်ကြီး မက်ဆီကတော့ အဆင့် ၅နေရာသာရခဲ့ပါတယ်။

ပရီးမီးယားလိဂ်ကစားသမားတွေထဲမှာ လီဗာပူးလ်ရဲ့ မိုဆာလက အမြင့်ဆုံးအဖြစ် အဆင့် ၆နေရာရခဲ့ပြီး ဟာဇက်က အဆင့် ၈၊ ဒီဘရိုင်းလ်က အဆင့် ၉ နဲ့ ဟယ်ရီကိန်းက အဆင့် ၁၀မှာ ရပ်တည်နိုင်ခဲ့ကြပါတယ်။အသက် ၂၁နှစ်အောက် ကစားသမားတွေအတွက် ပထမဆုံး ပေးအပ်တဲ့ The Kopa trophy ဆုကိုတော့ ပြင်သစ် လူငယ် တိုက်စစ်မှူး အမ်ဘတ်ပေက ရရှိခဲ့ပြီး အမျိုးသမီး ရွှေဘောလုံးဆုကို လီယွန်ရဲ့ နော်ေ၀ တိုက်စစ်မှူး Ada Hegerberg က ရရှိခဲ့ပါတယ်။ 

၂၀၁၈ Ballon d'Or ဆု ရပ်တည်မှု စာရင်း

၁) မိုဒရစ် ( ရီးယဲယ်၊ ခရိုအေးရှား ) - ၇၅၃မှတ်

၂) ရော်နယ်လ်ဒို ( ဂျူဗင်တပ်စ်၊ ပေါ်တူဂီ ) - ၄၇၈မှတ်

၃) ဂရီးဇ်မန်း ( အက်သလက်တီကို၊ ပြင်သစ်) - ၄၁၄မှတ်

၄) အမ်ဘတ်ပေ ( PSG၊ ပြင်သစ် ) - ၃၄၇မှတ်

၅) မက်ဆီ ( ဘာစီလိုနာ၊ အာဂျင်တီးနား ) - ၂၈၀မှတ်

၆) မိုဆာလ ( လီဗာပူးလ်၊ အီဂျစ် ) - ၁၈၈မှတ်

၇) ဗရန်း ( ရီးယဲယ်၊ ပြင်သစ်) - ၁၂၁မှတ်

၈) ဟာဇက် ( ချယ်လ်ဆီး၊ ဘယ်ဂျီယံ ) - ၁၁၉မှတ်

၉ ) ဒီဘရိုင်းနား ( မန်စီးတီး၊ ဘယ်ဂျီယံ) - ၂၉ မှတ်

၁၀) ဟယ်ရီကိန်း ( စပါး၊ အင်္ဂလန် ) - ၂၅မှတ်

၁၁) ကန်တေ ( ချယ်လ်ဆီး၊ ပြင်သစ်) - ၂၄မှတ်

၁၂) နေမာ ( PSG ၊ ဘရာဇီးလ်) - ၁၉မှတ်

၁၃) ဆွာရက်ဇ် ( ဘာစီလိုနာ၊ ဥရုဂွေး) - ၁၇မှတ်

၁၄) ကော်တွား ( ရီးယဲယ်၊ ဘယ်ဂျီယံ) - ၁၂မှတ်

၁၅) ပေါ့ပ်ဘာ ( မန်ယူ၊ ပြင်သစ်) - ၉ မှတ်

SOURCE: BBC

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။