ပရိသတ်ကြီးကို ဒီတစ်ခါဖော်ပြပေးချင်တာကတော့ ကမ္ဘာပေါ်မှာ မြင်တွေရခဲတဲ့ အလှအပနှစ်ခုကို ပေါင်းစပ်ပေးထားတဲ့ နမ်ဘီးယားနိုင်ငံရဲ့ အလှအပတွေထဲက တစ်နေရာအကြောင်းကို ဖော်ပြပေးချင်ပါတယ်။ ဒီနေရာလေးဟာ အလွန်ပူလောင်ပြီး အေးမြတဲ့ နေရာနှစ်ခုကို ပေါင်းစပ်ပေးထားတဲ့ ရှုခင်းလေးလည်း ဖြစ်ပါတယ်။ အခုမြင်တွေ့နေရတဲ့ နေရာလေးက ကမ္ဘာကြီးပေါ်မှာ တွေ့ရခဲလှတဲ့ သဘာဝတရားကြီးရဲ့ အလှအပ တစ်ခု ဖြစ်တာကြောင့် ပရိသတ်ကြီးအတွက် ဗဟုသုတရရန် ဖော်ပြပေးလိုက်ပါတယ်။ 

နမ်ဘီးယားနိုင်ငံဆိုတာ အာဖရိကတိုက်မှာ တည်ရှိပြီး သူ့ရဲ့ အနောက်ဖက်မှာတော့ အတ္တလန္တိတ် သမုဒ္ဓရာက ဝန်းရံထားပါတယ်။ အခုမြင်တွေ့နေရတဲ့ နေရာကတော့ နမ်ဘီးယားနိုင်ငံရဲ့ တောင်ပိုင်းမှာ ရှိပြီး ကမ္ဘာ့ အရှည်ဆုံး သံသောင်ခုံးတွေရှိတဲ့ နေရာလည်း ဖြစ်ပါတယ်။ တည်ရှိတဲ့ နေရာကတော့ Swakop ဆိုတဲ့ မြို့လေးမှာ ပဲ ဖြစ်ပါတယ်။ 

ဒီနေရာလေးဟာ ဟိုးအရင်တုန်းက ဂျာမန်လူမျိုးစု တစ်စု နေထိုင်ခဲ့တဲ့ နေရာ ဖြစ်ပြီး ထို မြို့လေးမှာ ယခုအချိန်အထိ ဂျာမန် အဆောက်အဦး အဟောင်းတွေကို တွေရမှာပဲ ဖြစ်ပါတယ်။ သဲကန္တာရ နေရာနဲ့ သမုဒ္ဓရာတိုက ထိတွ့ပေါင်းစပ်နေတဲ့ နမ်ဘီးယားနိုင်ငံရဲ့ အလှအပကို ပရိသတ်ကြီးအတွက် ဖော်ပြပေး လိုက်ပါတယ်နော်။  

Source : Amusing Planet 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။