ပရိသတ်ကြီးကို ဒီတစ်ခါဖော်ပြပေးချင်တာကတော့ တွားသွားသတ္တဝါတို့ရဲ့ ဘုရင်လို့တောင် တင်စားခေါ်ဝေါ်ခံရတဲ့ နဂါးစိမ်းလို့ ခေါ်ဝေါ်ကြတဲ့ Green Anaconda တို့ရဲ့ အကြောင်းကို ဖော်ပြပေးချင်ပါတယ်။ Green Anaconda တွေဟာ အမေဇုန်မြစ်ဝှမ်းတစ်လျှောက်မှာ ကျင်လည် ကျက်စားလေးရှိပြီး စပါးအုံးမြွေထက်တောင် အလေးချိန် ပိုများတယ်လို့ သိရပါတယ်။ 

သူတို့ရဲ့ ကိုယ်ခန္ဓာ အရွယ်အစားဟာ သာမန်အား ဖြင့် ၂၅၀ ကီလိုဂ၇မ်(ပေါင် ၅၅၀) အထိ လေးလံကာ အလျား၉ မီတာ(၂၉ပေ)၊ကိုယ်လုံး ဗျက် ၃၀ စင်တီမိတာ(၁ ပေ) ခန့်မျှအထိရှိတ်တ်ကြပြီး အထီးများဟာ အမများထက်ပို၍ အရွယ်အစားကြီးမားပါတယ်။ သူတို့ဟာ အဆိပ်မရှိသော်လည်း ကြီးမားတဲ့ ကြွက်သားတွေနဲ့သမင် ၊ မိကျောင်းနဲ့ ကျားသစ်လို အကောင်မျိုးတွေကိုတောင် ညှစ်ပြီး အသက် မရှူနိုင်အောင် ပြုလုပ်ကာ ဖမ်းဆီးစားသောက်လေ့ရှိပါတယ်။  

Green Ananconda တွေဟာ ရေတိမ်ပိုင်းမှာသာ အနေများပြီး အစာရှာဖွေကြတာလည်း ဖြစ်ပါတယ်။ ပရိသတ်ကြီးအတွက် အခုလို ဗဟုသုတရစရာလေးတွေကို နောက်လည်း ဖော်ပြပေးအုန်းမှာ မို့လို့ စောင့်မျှော် ဖတ်ရှုပေးကြပါအုန်းနော်။  

Source : မောင်သာ ရှေးဟောင်းသုတေသန 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။