ပရိသတ်ကြီးကို ဒီတစ်ခါဖော်ပြပေးချင်တာကတော့ အိန္ဒယမှာ မွေၤးဖွားခဲ့တဲ့ ထူးထူးဆန်းဆန်း မွေးဖွားလာတဲ့ ထူးထူးဆန်းဆန်း ကလေးလေး တစ်ယောက်အကြောင်းကိုဖော်ပြပေးချင်ပါတယ်။ ဒီကလေးလေးကို အိန္ဒိယနိုင်ငံ အစွန်းပိုင်းလောက်က Saini ဆိုတဲ့ ရွာကလေးမှာ မွေးဖွားခဲ့တာ ဖြစ်ပြီး မွေးလာကတည်းက နှာခေါင်းနှစ်ခု၊နှုတ်ခမ်းနှစ်စုံ၊မျက်လုံးနှစ်စုံပါရှိပြီး နားရွက်က နှစ်ခုပါရှိခဲ့ပါတယ်။ 

ကလေးငယ်လေးရဲ့ မျက်နှာဟာ ထူးဆန်းလွန်းတာကြောင့် မွေးလာကတည်းက မိဘတွေက နတ်ဘုရားတစ်ပါးဝင်စားတယ်ဆိုပီး ဂုဏ်ယူခဲ့ကြပါတယ်။ ဒါပေမယ့်လည်း ဆေးသိပ္ပံ အမြင်အရ ကြည့်မယ်ဆိုရင် ဒီအဖြစ်ဟာ အလွန်ရှားပါးပြီး ဖြစ်တောင့် ဖြစ်ခဲလှသည့် သန္ဒေသားချို့ယွင်းချက်ကြောင့်ပဲ ဖြစ်ပါတယ်။ လာလီလို့ အမည်ရတဲ့ ဒီကလေးမလေးဟာ ကံကောင်းစွာနဲ့ကပဲ ကျန်းမာရေးကောင်းမွန်ကာ 

အသက်ရူတဲ့ အခါမှာလည်း အခက်အခဲ မဖြစ်ဘူးလို့ ဆရာဝန်က ပြောကြားထားပါတယ်။ ထူးဆန်းစွာ မွေးဖွားလာတဲ့ လာလီရဲ့ မျက်နှာနှစ်ခုဟာ အစာစားတဲ့အခါမှာလည်း ပါးစပ်နှစ်ပေါက်လုံးမှ စားနိုင်ပြီး မျက်လုံးလေးလုံးကိုလည်း တပြိုင်တည်း အဖွင့်အပိတ်လုပ်နိုင်တယ်လို့လည်း သိရပါတယ်။ ဒီအရွယ်လေးကနေ အသက်ကြီးတဲ့အထိ ကျန်းကျန်းမာမာနဲ့ အသက်ရှည်ရှည်နေသွားနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် လာလီလေးရေ….

Source : Ar Raw Gyan Magazine 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။