ပြည်ပနိုင်ငံခြားသားတွေသာမက အံ့အားသင့်ကာချီးကြူးခဲ့ရတဲ့ မြန်မာ့ကမ္ဘာ့ပတ်အမျိုးသမီး မဟာသဒ္ဓမ္မဇောတိကဓဇ ကမ္ဘာလှည့်ဒေါ်တင်တင်စိန်ရဲ့ အကြောင်းကတော့ လက်တလောပရိသတ်တွေကြားမှာရေပန်းစားလျှက်ရှိတာတွေ့ရပါတယ်။ ၁၉၅၅ ခုနှစ် အသက် (၁၈)နှစ်အရွယ်ကစတင်ထွက်ရှိခဲ့ပြီး ကမ္ဘာ့နိုင်ငံပေါင်း (၃၀) မိုင်းပေါင်း (၅၀၀၀၀) ကျော်ကို ဆိုင်ကယ်ဖြင့် ကမ္ဘာပတ်ခဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။  

ဆုတံဆိပ်များစွာရရှိခဲ့ပြီး မြန်မာ့နိုင်ငံရဲ့ မဟာသဒ္ဓမ္မဇောတိကဓဇ ကမ္ဘာလှည့် ဒေါ်တင်တင်စိန်ဟူသော နာမည်ကိုလည်း ထိုက်ထိုက်တန်တန်ရရှိခဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။ ဘဝသက်တန်းတလျှောက်ခရီးသွားခြင်းများစွာကို ပြုလုပ်ခဲ့ပြီး သူမရဲ့ ဘဝအတွေ့အကြုံတွေကိုလည်း မကြာခဏပြန်လည်ဝေမျှလေ့ရှိတာတွေ့ရပါတယ်။ မဟာသဒ္ဓမ္မဇောတိကဓဇကမ္ဘာလှည့် ဒေါ်တင်တင်စိန်ကတော့ ဒီကနေ့ ဒီဇင်ဘာလ ၅ရက်နေ့မှာ နေ့လည် ၁နာရီတွင် သုံးဆယ်မြို့ အထက်တန်းကျောင်းရှိ ပီမိုးနင်းခန်းမတွင "စိတ်ဓာတ်ခွန်အားဖြည့်စကားမျာနှင့် အသိပညာပေးစကားများ" ကို ကျောင်းသူ/ သားများအား ဝေမျှဟောပြောခဲ့တာတွေ့ရပါတယ်။  

လေးစားစရာကောင်းတဲ့ မဟာသဒ္ဓမ္မဇောတိကဓဇကမ္ဘာလှည့် ဒေါ်တင်တင်စိန်ရဲ့ ဘဝအကြောင်းတွေနဲ့ အတွေ့အကြုံများစွာကို ဝေမျှခဲ့ပြီး အနာဂတ်လူငယ်များစွာရဲ့ စိတ်ဓာတ်တွေကို နှိုးဆွပေးနိုင်ခဲ့တာတွေ့ရပါတယ်။ အမှတ်တရပုံရိပ်များနှင့် ပွဲအတွင်းရိုက်ကူးခဲ့တဲ့ ဆရာမကြီးရဲ့ ပုံရိပ်တွေကို လေးစားဂုဏ်ပြုရင်း ချစ်ပရိသတ်တွေ မျှဝေပေးလိုက်ပါတယ်။

pHOTOS - ကျော်ဆန်းအောင်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။