အမေရိကန်နိုင်ငံကတော့ ရုရှားကို နျူကလီးယားလက်နက် သဘောတူညီမှုကိုလိုက်နာဖို့ ရက်ပေါင်း 60 အချိန်ပေးလိုက်တယ်လို့သိရပါတယ်။

ဒီအကြောင်းအရာကိုတော့ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးက ဒီဇင်ဘာ ၄ ရက်နေ့က ပြောကြားခဲ့တာပဲဖြစ်ပါတယ်။ 

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ခ်ပွန်ပီယိုကတော့ ရုရှားဟာ တာလတ်ပစ် နျူကလီးယားလက်နက် သဘောတူစာအုပ် INF အတိုင်းလုပ်ဆောင်ဖို့ ပျက်ကွက်တာ ကိုတွေ့ရှိရပြီး ရုရှားဘက်က အပြည့်အ၀ ပြန်လည်လိုက်နာဖို့ ရက်ပေါင်း 60 အချိန်ပေးလိုက်တာဖြစ်တယ် လို့ပြောကြားခဲ့တာပဲဖြစ်ပါတယ်။ 

ဒါ့အပြင် သူဟာ ရုရှားနိုင်ငံရဲ့ SSC-8 ဒုံးကျည်ပစ်ခတ်စမ်းသတ်မှုတွေဟာ ဥရောပကို တိုက်ရိုက်ခြိမ်းခြောက်နေတာဖြစ်တယ်လို့လည်း ပြောကြားခဲ့ပါတယ်။  

source -dvb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။