မြန်မာရိုးရာ သင်္ကြန်နှင့် ပတ်သက်ပြီး နှစ်တိုင်းလိိုလို အစိုးရသစ်လက်ထပ်မှာ ကိစ္စပေါင်းများစွာထွက်ပေါ်ခဲ့ပါတယ်။ ဒီနှစ်မှာတော့ သင်္ကြန်ပိတ်ရက်ကို ၁၀ ရက်မှ ၅ ရက်သို့ပြောင်းမည့်ကိစ္စနှင့်ပတ်သက်ပြီး အလုပ်သမားများဘက်က အသံများစွာထွက်ပေါ်ခဲ့သော်လည်း နောက်ဆုံးမှာတော့ ၅ရက်သာပေးတော့မည်ဟုဆုံးဖြတ်ချက်ချခဲ့ပါတယ်။

မြန်မာနှစ်သစ်ကူး ရုံးပိတ်ရက် ၅ ရက်

(သင်္ကြန် အကြို၊ အကျ၊ အကြတ်၊ အတက်၊ နှစ်ဆန်းတစ်ရက်)

၁၃-၄-၂၀၁၇ မှ ၁၇-၄-၂၀၁၇ ထိ

သီတင်းကျွတ် ရုံးပိတ်ရက် ၃ ရက်

(အဖိတ်နေ့၊ လပြည့်နေ့၊ လပြည့်ကျော် ၁ ရက်နေ့)

၄-၁၀-၂၀၁၇ မှ ၆-၁၀-၂၀၁၇ ထိ

တန်ဆောင်တိုင် ရုံးပိတ်ရက် ၂ ရက်

(အဖိတ်နေ့၊ လပြည့်နေ့)

၂-၁၁-၂၀၁၇ မှ ၃-၁၁-၂၀၁၇ ထိ

နှစ်သစ်ကူးရုံးပိတ်ရက်များ ၂ ရက်

၃၀-၁၂-၂၀၁၇ မှ ၃၁-၁၂-၂၀၁၇ ထိ

ဖြည့်စွက် ရှင်းလင်းချက် ။

(၁) New Year Eve ထုံးစံအရ ဒီဇင်ဘာ ၃၁ နှင့် ဇန်နဝါရီ ၁ ရက်နေ့များကို ပုံမှန် ရုံးပိတ်ရက်အဖြစ် သတ်မှတ်မည် ဖြစ်ပါသည်။

(၂) ယခု ရုံးပိတ်ရက်များမှာ ၂၀၁၇ ပြက္ခဒိန်နှစ်အတွက် ဖြစ်ပြီး ၂၀၁၈ ပြက္ခဒိန်တွင် ဇန်နဝါရီလ ၁ ရက်နေ့မှာ ရုံးပိတ်ရက် ဖြစ်လာပါမည်။

(၃) နိုင်​င့ံဝန်​ထမ်​းများ ၁၀ ရက်​ဟု ကြိုတင်​အစီအစဉ်​များ ပြုလုပ်​ထားသည်​့အတိုင်​း ​ဆောင်​ရွက်​နိုင်​​စေရန်​ ​နောက်​ထပ်​ ၅ ရက်​၊ သင်္ကြန်​ပိတ်​ရက်​ ၅ ရက်​နှင်​့​ပေါင်​း ၁၀ ရက်​ အနားရနိုင်​​စေရန်​ ဌာနဆိုင်​ရာ အုပ်​ချုပ်​မှု နည်​းလမ်​းဖြင်​့ ​ဆောင်​ရွက်​​ပေးပါမည်​။ (သင်္ကြန်​ပိတ်​ရက်​ ၅ ရက်​နှင့် ဌာနအစီအစဉ်​ ၅ ရက်​၊ ​ပေါင်​း ၁၀ ရက်​)

anna

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။