ပရိတ်သတ်တွေရဲ့ အချစ်တော်မင်းသမီးချောလေးဖြစ်တဲ့ အေးမြတ်သူဟာဆိုရင် ရုပ်ရှင်အနုပညာမှာပိုင်နိုင်တဲ့ အက်ရှင်မင်းသမီးတစ်ယောက်ဖြစ်ပါတယ်။ ခပ်ကြမ်းကြမ်းဖိုက်တင်ခန်းတွေနဲ့ အရမ်းကို လိုက်ဖက်ပြီး ညို့ငင်ဆွဲဆောင်မှုပြင်းတဲ့ မမြတ်လေးကတော့ ပြည်သူ့အချစ်တော် အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။

အမိုက်စား ဂစ်တာ shape ခန္ဓာကိုယ်လေးနဲ့ ချစ်စရာအပြုံးလေးကြောင့် ပုရိသတွေရင်ကို တဖြုတ်ဖြုတ်ကြွေသွားစေမယ့် မမြတ်လေးကတော့ ယခုချိန်ထိ တစ်ယောက်ထဲ လွတ်လပ်ပျော်ရွှင်စွာနဲ့ ဘဝကို ဖြတ်သန်းနေတာဖြစ်ပါတယ်။ စိတ်ပင်ပန်းမှုတွေကို အကောင်းဆုံးကုသပေးနိုင်တဲ့ မမြတ်လေးရဲ့ လျို့ဝှက်ချက်ကတော့ ခရီးသွားခြင်းပါပဲနော်။ အရမ်းကို လှပတဲ့ နေရာကိုခရီးထွက်ရင်းစွန့်စားမှုတွေကို စိန်ခေါ်ခဲ့တဲ့ မမြတ်လေးရဲ့ ပုံရိပ်လေးတွေကို သူမရဲ့ လူမှုကွန်ရက် စာမျက်နှာထက်မှာ ချစ်ပရိတ်သတ်တွေ အတွက်တင်ထားတာဖြစ်ပါတယ်။

ရုပ်ရှင်ဇာတ်ကားတွေမှာ ခပ်ကြမ်းကြမ်းအက်ရှင်တွေကို စိန်ခေါ်ပြီး ပီပြင်စွာသရုပ်ဆောင်နိုင်တဲ့ မမြတ်လေးကတော့ ယခုတစ်ခေါက်မှာ တကယ့် အပြင်လောကမှာ ရှိတဲ့ စွန့်စားမှု တစ်ခုကို စိန်ခေါ်ပြီး ပရိတ်သတ်တွေ အသည်းယားအောင် ဆော့နေတဲ့ မမြတ်လေးရဲ့ မကြောက်မရွံ့တဲ့ အသည်းအေးစေတဲ့ ပုံရိပ်လေးတွေကို ပရိတ်သတ်တွေအတွက်တင်ပေးထားတာဖြစ်ပါတယ်။

Source:Aye Myat Thu

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။