လူရယ်လို့ဖြစ်လာရင် ဒေါသ၊ မောဟ၊ မာန်မန တွေပါလာစမြဲပါပဲ။ အဲဒီအထဲမှာ အဆိုးဆုံးကတော့ သံသယစိတ် တစ်ခုကလည်း ပါလာတတ်ကြပါတယ်။ အဲဒီသံသယစိတ်ပါပဲ ကိုယ်ကိုလည်း ဒုက္ခရောက်တယ် သူများကိုလည်း ဒုက္ခရောက်စေတယ်။သံသယစိတ်ဟာ ဘယ်လောက်ထိဆိုးလဲဆိုရင် တစ်ယောက်နဲ့တစ်ယောက် မခေါ်မပြော နိုင်တော့လောက်အောင်ကို အမုန်းကြီး မုန်းသွားအောင်လုပ်နိုင်စွမ်းရှိပါတယ်။ တစ်ချို့ဆို သားစဉ်မြေးဆက် အမုန်းတရားတွေပွားပြီး ဆက်လက်အားကောင်းနေပါတော့တယ်။ 

ဒီလိုအမုန်းတရားတွေနဲ့ လမ်းခွဲလိုက်ပြီး ဆိုရင်တော့လူတွေမှာအမြဲဒွန်တွဲနေတတ်တဲ့ ကောင်းကျိုးဆိုးကျိုး တွေဟာ ကပ်ပြီးပါလာပါတော့တယ်။လူတစ်ဦးနဲ့ တစ်ဦးခင်မင်ရင်းကနေ ကောင်းကျိုးတွေခံစားရနိုင်သလို ဆိုးကျိုးတွေကိုလည်း ကြုံတွေရတတ်ပါတယ်။ ကိုယ်နဲ့ ခင်မင်တဲ့သူက မိတ်ဆွေစစ်ဖြစ်ရဲ့လားဆိုတာကိုတော့ မိမိဘာသာ ဆုံးဖြတ်ရမှာပါ။ဒီလိုဆိုလိုက်လို့ သံသယနဲ့သွားမကြည့်ပါနဲ့ ။ ကိုယ်ကကောင်းမွန်စွာဆက်ဆံပြီးမှ သူဘက်က မကောင်းတဲ့အပြုအမူတွေလက်ခံရ ကြုံတွေလာရပြီဆိုရင်တော့ သတိထားနေပါ။ 

ဒါကြောင်း ကိုယ်ကအရင်ကောင်းပြပါ။ ကိုယ်ကပဲ မိတ်ဆွေစစ်ဖြစ်အောင်လုပ်ပါ။ သူများကိုယ်ကိုလာလုပ်လို့ ပြန်လုပ်မယ်ဆိုတဲ့အတွေးမျိူးမတွေးမိပါစေနဲ့။ ကိုယ်တတ်နိုင်သလောက် ကူညီပေးပါ။ ဖေးမပေးပါ။ ရင်ဘက်နဲ့ နားထောင်ပေးပါ။ ဒီလိုဆိုရင်တော့ သင်ထံမှာ မိတ်ဆွေစစ်တွေတိုးလာမှာဖြစ်ပြီး ပေါင်းသင်းဆံရေးကောင်းတဲ့ လူတစ်ဦး ဖြစ်လာမှာအသေအချာပေပေါ့နော်။အားလုံးပျော်ရွင်ကြပါစေ။ 

Source :Jolly

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။