ပရိသတ်ကြီးရေ.. FA ဂိုဏ်းချုပ်ဆိုပြီး ပရိသတ်တွေကြားရေပန်းစားနေတဲ့ မောင်မောင်အေးကတော့ ပြီးခဲ့တဲ့ ရက်ပိုင်းကမှ ချစ်သူနဲ့အတူ ရွှေလက်တွဲပြီး လက်ထပ်လိုက်ပါပြီနော်..။

အပေါင်းအသင်းဆန့်တဲ့ မောင်မောင်အေးကတော့ FA ဘဝကို ကျောခိုင်းပြီး သူ့ရဲ့ ချစ်သူလေးနဲ့ လက်ထပ်လိုက်တာနဲ့ပက်သက်ပြီး ခင်မင်ရင်းနှီးတဲ့ အနုပညာရှင်မိတ်ဆွေသူငယ်ချင်းတွေနဲ့ ပရိသတ်တွေကလည်း ဂုဏ်ပြုစကားလေေးတွ ပြေပေးထားကြသလို သူငယ်ချင်းတွေ အချင်းချင်း စနောက်ထားကြတာလည်း တွေ့ရပါတယ်..။

အခုတစ်ခါမှာလည်း အိမ်ထောင်ရှင်ပူပူနွေးနွေးဖြစ်တဲ့ မောင်မောင်အေးကိုတော့ သူငယ်ချင်းတွေဖြစ်တဲ့ အဆိုတော်မိုးမိုးကလည်း ချစ်စနိုးနဲ့ စနောက်ပြီး ကျီစယ်ကာ ဆေးအကြီးကြီးထိုးလိုက်ပါတယ် ပရိသတ်ကြီးရေ..။

သူငယ်ချင်းတွေ အချင်းချင်းကြားက ခင်မင်မှုတွေနဲ့ ပြောမနာ ဆိုမနာ စနောက်ကာ ပျော်ပျော်နေတတ်ကြသလို မောင်မောင်အေးကို မခံချင်အောင် ကျီစယ်စနောက်ပြီး မင်္ဂလာပွဲလေးအတွက် ဂုဏ်ပြုစကားလေး ဆိုလိုက်တာပဲ ဖြစ်ပါတယ်..။

မောင်မောင်အေးဆို့ မင်္ဂလာဓာတ်ပုံလေးနဲ့အတူ ဖိတ်စာလေးဓာတ်ပုံလေးကို တင်ထားပြီး မိုးမိုးက သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေ ရေးသား စနောက်လိုက်တာပဲ ဖြစ်ပါတယ်..။

“ရှု့လော့ မှတ်သားကြလော့

FA အပေါင်းတို့

ဆံပင်လဲ မရှိပါလျက်

ရုပ်ရည်လဲ မရှိပါလျက်

ဗလလဲ မရှိပါလျက်

ဇလဲ မရှိပါလျက်

တခါတရံ အကျင့်ကယုတ်သေး

(ကိုယ်ကမသောက်တတ်တာတောင်

သူများသားသမီးကိုမူးအောင်တိုက်

ဘောင်းဘီဖျင်ကြားကို သစ်ပင်စိုက်တဲ့အထိ

ယုတ်ချက်ကြီးဖူးပါတယ်)

တခါတရံ အလွန်အမင်းရိုင်းတတ်သေး

(မယုံ မေးကြည့်ပါ တကမ္ဘာလုံးကဘုရားဒေကို

ကုန်းကုန်းပြီးရှိခိုးရသည်အထိ ရိုင်းချက်ကြီးခဲ့ပါတယ်)..

အဲ အဲ ပြောချင်တာ ဒီလို

ဒူးချောင်အောင်ကွေး

ရူးကြောင်ကြောင်တွေးတဲ့

နှဖူးပြောင်ပြောင်လေးနဲ့

အူးမောင်မောင်အေး လို

လူမျိုးတောင်

မိန်းမချော (ဓာတ်ပုံထဲမှာပေါ့)လေးတစ်ယောက်ကို

ခြေထောက်အတင်းသိုင်းဖက်ပြီး

ဂနေ့မှာ စာချုပ်စာတမ်းနဲ့ အတင်းမရမက

ရယူနိုင်ခဲ့ခြေပြီ

ဆိုတော့ကား

FA အပေါင်းတို့ နိုးထကြလော့

အတုယူကြလော့ လေ့လာသင်ယူ

ကြိုးစားကြကုန်လော့..” ဆိုပြီး သူငယ်ချင်းတွေကြားက အမှတ်တရအကြောင်းအရာများကို ရယ်စရာလေးတွေနဲ့ ပြန်လည်ပြောပြထားပြီး ဆေးထိုးလိုက်တာပဲ ဖြစ်ပါတယ်နော်..။

Photo - မိုးမိုး

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။