ရုပ်ရှင်သရုပ်ဆောင် မင်းသားနေတိုးရဲ့ ညီဖြစ်တဲ့ အဆိုတော်၊သရုပ်ဆောင် မင်းသွေးကွယ်လွန်သွားတာဟာဆိုရင် နှစ်လတိတ်ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အနုပညာအသိုင်းအဝိုင်းနဲ့ ပရိသတ်တွေအားလုံးက မင်းသွေးကို သတိတရရှိဆဲဖြစ်သလို မင်းသွေးရဲ့ဇာတ်ကားတွေဟာလည်း ရုံတင်ပြသနေတာ ဖြစ်ပါတယ်။ မင်းသွေးအနေနဲ့ သူပါဝင်အားစိုက်ထားတဲ့ "မုန်းစွဲနဲ့ သတ်ကွင်း" ဇာတ်ကားနှစ်ကားလုံး အောင်မြင်ချိန်မှာ မရှိတော့တာကြောင့် အားလုံးက စိတ်မကောင်းဖြစ်နေရပါတယ်။

မုန်းစွဲဇာတ်ကားမှာ နေတိုးနဲ့ မင်းသွေးတို့ ညီအစ်ကိုနှစ်ယောက်လုံးက တက်ညီလက်ညီနဲ့ သရုပ်ဆောင်ခဲ့ကြတာကြောင့် ပရိသတ်တွေ အထူးနှစ်ခြိုက်ခဲ့ရပါတယ်။ အခုလည်း မကြာခင်မှာ မင်းသွေးကိုယ်တိုင် ဖန်တီးရိုက်ကူးထားတဲ့ " သတ်ကွင်း " ရုပ်ရှင်ဇာတ်ကားကြီးက ဒီဇင်ဘာလ ၁၄ ရက်နေ့မှာ စတင်ရုံတင်တော့မှာ ဖြစ်ပါတယ်။ ဒီဇာတ်ကားလေးက မင်းသွေးအတွက် ဂုဏ်ယူရမယ့်ဇာတ်ကားလေးတစ်ကားဖြစ်ပြီး သူ့အတွက် ကြိုးစားအားထုတ်ပေးနေကြတာ တွေ့ရပါတယ်။

အခုလည်း နေတိုးက ညီလေးမင်းသွေးကို သတိရခြင်းများစွာဖြင့်ဆိုတဲ့ စာသားလေးနဲ့အတူ သတ်ကွင်းဇာတ်ကားရဲ့ Official Trailer 2 ကို ကြေညာထားပါတယ်။ ဒါ့အပြင် ညီလေးရဲ့ဇာတ်ကားထဲမှာ နေတိုးကိုယ်တိုင် ဧည့်သည်သရုပ်ဆောင်အဖြစ် ပါဝင်သရုပ်ဆောင်ထားတဲ့အကြောင်းကိုလည်း ထုတ်ပြောပြလိုက်ပါတယ်။ တောတွင်းလူရိုင်းအဖြစ် လျှက်တပြက်ပါဝင်ထားတဲ့ နေတိုးကိုတော့ ဘယ်သူမှမတွေ့ခဲ့ကြပဲ နေတိုးပြောပြတဲ့အတိုင်း ပရိသတ်တွေ သေချာသတိထားကြည့်မှသာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် " ကျွန်တော့်ကိုရောရှာတွေ့ကြရဲ့လား" ဆိုတဲ့ နေတိုးရဲ့ဗီဒီယိုဖိုင်လေးကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source:Nay Toe & သတ်ကွင်း - Killing Field;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။