ဒိတ်ဒိတ်ကြဲ အနုပညာရှင်တွေဖြစ်ကြတဲ့ စိုးမြတ်သူဇာ၊ စိုးမြတ်နန္ဒာ၊ စိုးပြည့်သဇင်၊ စန္ဒီမြင့်လွင်တို့ ညီအစ်မတွေကတော့ ပရိသတ်တွေရဲ့အချစ်တော် မင်းသမီးလေးတွေ ဖြစ်ကြပါတယ်။ ညီအစ်မလေးယောက်လုံး ကိုယ်စီအောင်မြင်မှုတွေကို ပိုင်ဆိုင်ထားကြသလို ထက်မြက်တဲ့အရည်အချင်းတွေကြောင့်လည်း မသိသူမရှိအောင်မြင်နေကြတာ ဖြစ်ပါတယ်။လက်ရှိမှာတော့ သူမတို့ညီအစ်မ လေးယောက်ပူးပေါင်းပြီး ပိုးထည်ဆိုင်လေးတစ်ဆိုင်ကို တည်ထောင်ထားကြပါတယ်။

"မင်းသမီး '' ပိုးထည်တိုက်လို့ အမည်ပေးထားတဲ့ သူမတို့ညီအစ်မတစ်စုရဲ့ဆိုင်လေးကတော့ ဖွင့်လှစ်တာမကြာသေးပေမယ့်လည်း အရမ်းကိုရောင်းအားကောင်းပြီး အောင်မြင်နေတာ တွေ့ရပါတယ်။ စည်းလုံးညီညွတ်ပြီး စိတ်ထားကောင်းတဲ့ စိုးညီအစ်မတွေက အခုလည်း မွန်မြတ်တဲ့အလှူလေးတစ်ခုကို အတူပြုခဲ့ကြပါတယ်။ ဒီနေ့ ဒီဇင်ဘာလ ၅ရက်နေ့မှာ စိုးညီအစ်မတွေက ပရဟိတမင်းသမီး ခိုင်နှင်းဝေနဲ့အတူ ဒဂုံဆိပ်ကမ်းမှာရှိတဲ့ အဘိုး၊အဘွားတွေကို အစားနဲ့အဝတ်အထည်စတဲ့ အသုံးအဆောင်ပစ္စည်းတွေကို သွားရာက်လှူဒါန်းပါတယ်။

စိုးပြည့်က '' စိုးညီမတွေရဲ့အလှူလေးပါရှင့်...အဘိုး နဲ့အဘွား တို့ကို အလှူငွေနဲ့ဈေးရောင်းနိုင်ဖို့အတွက် လက်တွန်းလှည်း၊ သစ်သီးများ၊ ဆန်နှင့် အိမ်ထောင်စုတစ်စုအတွက် လိုအပ်တဲ့ပစ္စည်းများ စုစုပေါင်း ၈သိန်းဖိုးသွားရောက် လှူဒါန်းခဲ့ပါတယ်ရှင်'' ဆိုပြီး သူမတို့အလှူလေးအကြောင်းကို ပြောပြထားပါတယ်။ ကဲ ချစ်ပရိသတ်တွေ သာဓုခေါ်နိုင်ဖို့ စိုးညီအစ်မတွေရဲ့အလှူလေးကိုတင်ဆက်ပေးလိုက်ပါတယ်နော်။

Source: Soe Pyae Thazin; 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။