ပရိတ်သတ်တွေ ရဲ့ အချစ်တော်ဖြစ်တဲ့ ရုပ်ရှင်သရုပ်ဆောင်မင်းသမီးတစ်ဦးဖြစ်တဲ့ အေးမြတ်သူကတော့ စည်းကားသိုက်မြိုက်စွာကျင်းပခဲ့တဲ့ လူပျိုကြီး ကိုမောင်မောင်အေးရဲ့ မင်္ဂလာပွဲအခန်းအနားကို ချစ်စရာ တရုတ်မပုံစံလေးနဲ့တက်ရောက်ခဲ့တာဖြစ်ပါတယ်။ Presenter ကနေတစ်ဆင့် ရုပ်ရှင်လောကထဲကို ဝင်ရောက်လာခဲ့တဲ့ ကျော်ထက်အောင်ကလည်း ပရိတ်သတ်ရဲ့ အချစ်တော်တစ်ဦးပဲ ဖြစ်ပါတယ်။

နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲကျော်ထက်အောင်နဲ့ အတူ မင်္ဂလာပွဲလေးမှာ ရှိုးထုတ်ထားတဲ့ ပုံရိပ်တွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။ အပြာရင့်ရောင် တရုတ်ဝတ်စုံလေးနဲ့ အရမ်းကို လှနေတဲ့မမမြတ်လေးရဲ့ အလှကတော့ တကယ့်တရုတ်မင်းသမီးလေးလို တစ်မူထူးခြားပြီးလှနေတာကို ပရိတ်သတ်တွေမြင်တွေ့ရမှာဖြစ်ပါတယ်။

ခေတ္တ တရုတ်မလေးဖြစ်သွားတဲ့ မမြတ်လေးကတော့ တစ်ယောက်ထဲသောသူက နာမည်အသစ်လေးပေးခံခဲ့ရတဲ့ အကြောင်းကိုလည်း ပရိတ်သတ်တွေကို ပြောပြခဲ့ပါသေးတယ်။ " တရုတ်တော့ တရုတ် but မဟုတ်တရုတ်မလေး ဖန်ပြူးပြူး " ဆိုပြီး အပျိုကြီးမမကတော့ တစ်ယောက်သောသူပေးလိုက်တဲ့ နာမည်အသစ်လေးကို အ၇မ်းကိုကြွေနေပါပြီဆိုပြီ ပြောထားတာဖြစ်ပါတယ်နော်။

Source:Aye Myat Thu

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။