အဆိုတော် ရွှေထူးနဲ့ ပြသနာတက်နေတဲ့ မင်းသားဇေရဲထက်

ရွှေထူးနဲ့ ဇေရဲထက် အပြန်ပြန်အလှန်လှန် တင်ထားတဲ့ post တွေအရ တစ်ယောက်နဲ့တစ်ယောက် မကျေမလည် ဖြစ်နေကြမှန်းသိသာပါတယ်။

ပြသနာအစကတော့ ရွှေထူးနဲ့ သီချင်းအတူတူတွဲဆိုနေကြ အဆိုတော် Y Zet ကို ရွှေထူးနောက်လိုက်လို့ ပုတ်ခတ် ပြောဆိုမိရာက စတာပါဘဲ။

ဇေရဲထက်ရဲ့ ရုပ်ရှင်ကားတစ်ခုမှာ rapper တွေကို ပေါတောတော် ပုံဖော်တယ်လို့ Y Zet ကပြောတာကို မင်းသားဇေရဲထက်ကနေ အဆိုတော်ရွှေထူး

နောက်လိုက်ကပြောတယ်လို့ facebook မှာ post တင်ခဲ့ပါတယ်။

ရွှေထူးကလည်း သူတို့အဆိုတော်တွေမှာ ညီအကိုတွေ တွဲဆိုဖော်ဆိုဘက်တွေဘဲ ရှိပြီး မင်းသားတွေလို နောက်လိုက်ဆိုတာမျိုးမရှိကြောင်း

ပြန်ချေပခဲ့ပါတယ်။

ဇေရဲထက်က်ည်း " ကျနော်ကိုယ်တိုင်က ရွှေထူးဖန်ပါ အရမ်းသဘောကျတဲ့အဆိုရှင်တစ်ယောက်ပါ ဖော်လိုတောင်လုပ်ထားတားးအခုတော့သူ့သူငယ်ချင်းဆိုလားမသိတော့မသိဘူးသူများပြောမှသိရတာ သူပြောတော့စိတ်မကောင်းဘူး အနုပညာသည်အချင်းချင်းနားလည်မှု့တော့ရှိရမယ်လေးးး အခုကျနော်လုပ်နေတာသရုပ်ဆောင်ပါ အဆိုတော်မဟုတ်ဘူးးးတလိုင်းထဲပဲသွားနေတာပါးးကျနော်သာအဆိုတော်ဒါမှမဟုတ် ကာရိုတ်တာအစစ်က rapဆိုရင်သူ့နဲ့တထေရာတည်းဒါမှမဟုတ်အနီးစပ်ဆုံးအကောင်းဆုံးပြင်ဆင်မှာပါးးးး ဘာပဲပြောပြောကျနော်အရမ်းသဘောကျတဲ့အဆိုရှင်ကိုတော့အားပေးနေဆဲပါးးးအမြဲတမ်းပါးး" လို့ပြန်လည်ပြောကြားခဲ့ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။