မတ်လ ၉ရက်နေ့တွင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ရှိ ကမ္ဘာကျော်ဂုတ်ထိပ်တံတားအောက်တွင် မြေမြုှပ်မိုင်းတလုံးပေါက်ကွဲမှုကြောင့် လူ ၃ ဦးဒဏ်ရာရှိခဲ့ပါတယ်။ မိုင်းပေါက်ကွဲမှုဖြစ်တဲ့နေရာဟာ တံတားလုံခြုံရေးအရ ကန့်သတ်ထားတဲ့နေရာဖြစ််ပါတယ်။

ဒဏ်ရာရရှိသူတွေကတော့ ဂုတ်ထိပ်ကျေးရွာနေ ကလေးငယ်တွေနဲ့ လူငယ်တစ်ဦးပဲဖြစ်ပါတယ်။ အသက် ၁၀ နှစ် အရွယ်ကောင်လေးကတော့ ခြေထောက်တဖက်ကိုဒူးအောက်ကနေဖြတ်လိုက်ရပါကာ လောလောဆယ်မှာတော့ နောင်ချိုဆေးရုံမှာအဆင်မပြေလို့ ပြင်ဦးလွင်ဆေးရုံမှာ ဆေးကုသမှု ခံယူနေရပြီး ကျန် ၂ ယောက်ကတော့ နောင်ချိုဆေးရုံမှာ ဆေးကုသမှုခံယူနေဆဲဖြစ်ပါတယ်။ ကျန်တဲ့ ၂ ယောက်အနက် ၁၀ နှစ်ကျော်ကလေးကတော့ လက်ဖျန်နဲ့ လက်မောင်းမှာ မိုင်းစမှန်ပြီး အသက် ၂၄ နှစ်အရွယ်တစ်ယောက်ကလည်းမိုင်းစထိမှန်ခဲ့ပါတယ်။

အဆိုပါ ဂုတ်ထိပ်တံတားတိုင်ရဲ့အောက်ခြေတွေမှာ အရင်ကတည်းက မိုင်းတွေ ထောင်ထားတာဖြစ်ပြီး

ကလေးတွေဟာ ကျွဲကျောင်း၊ နွားကျောင်းရင်း ကျွဲနွားတွေ ပျောက်လို့ လိုက်ရှာရာကနေ အဲဒီ ကန့်သတ်နယ်မြေထဲ တိတ်တဆိတ် ခိုးဝင်သွားတာဖြစ်နိုင်ပါတယ်။

“ကျနော်တို့ ဒီအစိုးရအဖွဲ့ လက်ထဲမရောက်ခင်ကတည်းက လုံခြုံရေးအနေအထားအရဆိုပြီး အဲဒီနားမှာ မိုင်းကွင်းတွေရှိပါတယ်။ အဲဒီမှာ တပ်စောင့်လည်း ရှိပါတယ်။ ကျနေ်ာသိသလောက်တော့ အဲဒီအောက်ထဲကို ရွာသားတွေ အဝင်မခံဘူး။ တံတားအောက်ထဲကိုလေ။ အဝင်မခံဘူးဆိုတော့ သူတို့ ဘာဖြစ်လို့ အဲဒီအောက်ထဲကို ဝင်သွားလဲဆိုတာ ကျနော်မသိဘူး။ ရွာသားတွေဟာ ပုံမှန်အားဖြင့်တော့ အဲဒီအောက်ထဲကို ဝင်လို့မရဘူးဆိုတာ သူတို့ သိတော့ သိတယ်။” လို့ နောင်ချိုမြို့က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးလည်းဖြစ်တဲ့ ဒေါက်တာ ညီညီအောင်က ပြောပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။