အနုပညာမျိုးရိုးက ဆင်းသက်လာတဲ့ တိုင်းရင်သူတစ်ယောက်လည်း ဖြစ်တဲ့ Lဆိုင်းဇီ က အသံကောင်းကောင်းနဲ့ ပရိတ်သတ်ရဲ့ နားထဲကို စွဲကျန်ရစ်ခဲ့အောင် သီဆိုနိုင်သူလေးပဲဖြစ်ပါတယ်။သူမ သီဆိုခဲ့တဲ့ သီချင်းများကဆိုရင်လည်း ပရိတ်သတ်တွေကြားရေပန်းစားခဲ့တဲ့ အချိန်တွေရှိခဲ့ပါတယ်။အရင်ကသီချင်းများကို ပရိတ်သတ်တွေကြိုက်နှစ်သက်ခဲ့ကြသလို ယခုသီချင်းအသစ်များကလည်းတစ်ပုဒ်ဆိုတစ်ပုဒ် ပရိတ်သတ်တွေကြားပေါက်ခဲ့ပါတယ်။

အသံတင်ပဲကောင်းတာမဟုတ်ဘဲ တိုင်းရင်းသူလေးဆိုတော့ ရူပါအလှကပါ ဆန်းကြယ်နေပါတော့တယ်။အဲ့ဒါအပြင် စာအရေးအသားကလည်း ရှယ်ကောင်းပါတယ်နော်။L ဆိုင်းဇီက "မှန်ထဲမှာတော့....

ကိုယ်ပြုံးရင် သူပြုံးမယ်....

ကိုယ်မဲ့ရင် သူပြန်မဲ့မယ်....

သို့သော်......

ဘဝထဲမှာတော့....

မှန်လိုမျိုး သစ္စာ မရှိကြဘူ......"လို့ ဇီက သူရဲ့ အတွေးအခေါ်လေးကို ရေးထားပါသေးတယ်။

သူမရဲ့ သီချင်းတွေကို ကြိုက်ကြတဲ့ ပရိတ်သတ်ကြီးကို အနှစ်တွေပဲပေးဖို့အတွက် အနုပညာအလုပ်တွေကို ဖြည်းဖြည်းချင်းလုပ်နေပါတယ်။သူမက ပရိတ်သတ်ကြီးနဲ့ နေ့တိုင်းရင်းနှီးဖို့အတွက်လည်း သူမရဲ့ တစ်ကိုယ်တော်ပုံတွေကို တင်ပေးလျက်ပါ။ဇီ့ကို ချစ်တဲ့ ပရီတ်သတ်ကြီးကလည်း တစ်နေ့တစ်ခြားပိုပိုလှလာတဲ့ ဇီ့ရဲ့ အလှတွေကို အားပေးလိုက်ရအောင်။

Source:La Zum Seng Z

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။