သားသမီးလေးတွေကို ကိုးလလွယ် ဆယ်လဖွားပြီး လူ့လောကထဲကို ပို့ဆောင်ပေးခဲ့တဲ့ မိဘတွေကတော လောကမှာ ဘာနဲ့မှအစားထိုးလို့မရသလို ရင်သွေးလေးတွေအပေါ်မှာလည်း သံယောဇဉ်မေတ္တာအကြီးမားဆုံးသော သူတွေပဲဖြစ်ကြပါတယ်။

မိဘတွေနဲ့ သံယောဇဉ်ကြီးမားမှုကို ပုံဖော်ပြသခဲ့တဲ့ဖြစ်ရပ်လေးတစ်ခုကိုဖော်ပြရမယ်ဆိုရင်တော့ Charlotte Szakacs နဲ့ သူ့မရဲ့ခင်ပွန်းဖြစ်သူ Attila တို့အကြောင်းလေးကိုဖော်ပြေပေးလိုပါတယ်။  

သူတို့လင်မယားနှစ်ယောက်ဟာ ပထဦးဆုံးရင်သွေးလေးရရှိနိုင်ဖို့အတွက် တနှစ်ကျော်လောက်ကြိုးစားခဲ့ရသလို သူတို့ရင်သွေးလေးတစ်ဦးဖွားမြင်လာတဲ့အခါမှာလည်း သူတို့ရဲ့ရင်သွေးလေးဟာ ပေါင်ချိန် ၅ ပေါင်သာသာပဲရှိပြီး အဆုတ်နဲ့ အူလမ်းကြောင်းတွေဟာ အင်မတန်မှသေးငယ်နေတာကြောင့် အသက်ရှူလို့ပင်မရနိုင်ဘဲ ခွဲစိတ်မှုတွေပြုလုပ်ခဲ့ရပါတယ်။

သို့ပေမယ့် ကံတရားကြီးကတော့ ခွဲစိတ်မှုတွေအပြီး ၄ရက်အကြာလောက်မှာပဲ သူတို့နှစ်ဦးရဲ့ရင်သွေးလေးကို လူ့လောကထဲကနေ အပြီးအပိုင်ထွက်ခွာသွားစေခဲ့ပါတယ်။

ဒီဖြစ်ရပ်ဆိုးကြီးနဲ့ရင်ဆိုင်ရတဲ့ မိဘနှစ်ပါးဟာဆိုရင်လည်း လုံဝဖြေမဆယ်နိုင်ဖြစ်ခဲ့ကြပြီး ဘာမှမစားနိုင် မသောက်နိုင်ဘဲ ဆေးရုံကရင်သွေးလေးရဲ့ ရုပ်အလောင်းဘေးမှာပဲ ၁၂ ရက်ကျောက်လောက်နေထိုင်ခဲ့ကြပါတယ်။ 

အဲ့ဒီနောက်မှာတော့ သူတို့လင်မယားဟာ ခဲတောင့်နေတဲ့ သူတို့ရင်သွေးလေးကို အိမ်ကိုပြန်လည်ခေါ်ဆောင်သွားခဲ့ပြီး တကယ့်သက်ရှိကလေးငယ်နဲ့နေထိုင်သလို လေးရက်လောက်အတူထပ်နေခဲ့ကြပါတယ်။

ပရိသတ်တွေအခုမြင်တွေ့နေရတဲ့ ဒီပုံရိပ်လေးတွေထဲမှာလည်း ရင်သွေးလေးကသေဆုံးနေခဲ့ပြီဖြစ်တာတောင် သူတို့နှစ်ဦးရဲ့မေတ္တာတွေ ရင်သွေးလေးအပေါ်ထားရှိတဲ့ သံယောဇဉ်တွေက ဘယ်လိုမှဖုံးထားမရလောက်အောင်ပေါ်လွင်လွန်းလှပါတယ်။

အဲ့ဒီလေးရက်အပြီးမှာတော့ သူတို့လင်မယားနှစ်ယောက်ဟာ ရင်သွေးလေးရဲ့ရုပ်အလောင်းကို မြေမြှုပ် သဂြိုလ်ပေးခဲ့ကြပြီးအေးချမ်းတဲ့အရပ်ကိုပို့ပေးခဲ့ပေမယ့် သူတို့ရင်ထဲမှာတော့ အပူမီးတွေက အတောမသတ်နိုင်အောင်လောင်ကျွမ်းနေခဲ့ကြပါတယ်။ သူတို့လင်မယားရဲ့အဖြစ်ကတော့ ကိုယ်တိုင်မခံစားရဘဲ ကြားသိရတာနဲ့တောင် အင်မတန်ကြေကွဲစရာကောင်းလွန်းလှပါတယ်။

Source : elitereaders

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။