ပရိသတ်တွေ အားကျချစ်ခင်ရတဲ့ အနုပညာရှင်ဆယ်လီစုံတွဲလေးတွေထဲမှာ မော်လ်ဒယ်သရုပ်ဆောင် မင်းသားချောလေး ကောင်းပြည့်နဲ့ မော်လ်ဒယ်မင်းသမီးချောလေး သန္တာဗိုလ်တို့စုံတွဲလေးကတော့ တကယ့်ကို နတ်ဖက်တဲ့ချစ်သူစုံတွဲလေးပါပဲ..။

အားလုံးက အားကျချစ်ခင်ရတဲ့ အသည်းကျော်စုံတွဲလေးကတော့ အမြဲကို ရိုမန်တစ်ဆန်တဲ့ ကြည်နူးစရာကောင်းတဲ့ စုံတွဲပုံရိပ်လေးတွေကြောင့်လည်း အားလုံးက အချစ်ပိုနေကြရတာဆိုလည်း မမှားပါဘူးနော်..။

တစ်ဦးနဲ့တစ်ဦးအချစ်စစ် အချစ်မှန်နဲ့ ချစ်ခင်ကြသလို တစ်ဦးပေါ်တစ်ဦးလည်းအမြဲဂရုတစိုက်ရှိနေတက်တဲ့သူတွေပဲဖြစ်ပါတယ်။ ဒီကနေ့ ကောင်းပြည့်ကတော့ ချစ်သူလေးရဲ့ အရိပ်တကြည့်ကြည့်အောက်မှာ နေမထိ ထိုင်မသာဖြစ်ခဲ့ရပုံလေးကို ပြောပြထားတာတွေ့ရပါတယ်။ အဆိုပါ ပုံရိပ်လေးတွေမှာတော့ သန္တာဗိုလ်ရဲ့ ဂရုတစိုက်အကြည့်လေးတွေအောက်မှာ ရှက်သွေးဖျာခဲ့တာပဲဖြစ်ပါတယ်။  

အနုပညာအလုပ်တွေကို အတူတူလုပ်ဆောင်နေသူတွေဖြစ်သလို အနုပညာရှင် ဆယ်လီစုံတွဲတွေထဲမှာ ပရိသတ်တွေအားကျနေရတဲ့ စုံတွဲတစ်တွဲလည်းဖြစ်တာတွေ့ရပါတယ်။ ကြည်နူးစရာကောင်းတဲ့ ကောင်းပြည့်နဲ့ သန္တဗိုလ်တို့ ချစ်သူနှစ်ဦးရဲ့ မနေ့က ပုံရိပ်လေးတွေကို ချစ်ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။

pHOTOS - KAUNG PYAE

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။