မြောက်ဒဂုံမြို ့နယ်ရှိ နေအိမ်တစ်အိမ်တွင် ကျပ်တစ်သောင်းတန် ငွေစက္ကူ အတု ကျပ်သိန်း ၁၃၀၀ အား သိမ်းဆည်းရမိ

အဆိုပါ ငွေစက္ကူအတု တွေ ့ရှိရသော နေအိမ်မှာ အိမ်ရှင်ကိုယ်တိုင်နေထိုင်ခြင်းမရှိဘဲ အိမ်ငှားတင်ထားသောအိမ်ဖြစ်သည်။ ရန်ကင်းမြို ့နယ်တွင် နေထိုင်သော အိမ်ရှင်ဖြစ်သူ ဦးလှဝင်းသည် မတ်လ ၉ ရက်နေ ့ညနေ ၆နာရီခွဲတွင် အိမ်ငှားတင်ထားသည့် မြောက်ဒဂုံမြို ့နယ် ရသာရုံလမ်း အမှတ် ၆၈၈ နေအိမ်သို ့သန် ့

ရှင်းရေးပြုလုပ်ရန်အတွက် သွားရောက်ခဲ့သည် ။

သန် ့ရှင်းရေးပြုလုပ်နေစဉ် အိပ်ခန်းအတွင်းရှိ ခုတင်အောက်တွင် အမည်းရောင် ကျွတ်ကျွတ်အိတ်ဖြင့် ထုတ်ထားသော မိုးပြာရောင် အိတ်အတွင်းမှ

ကျပ်တစ်သောင်းတန် ငွေစက္ကူအတုများကို တွေ ့ရှိခဲ့သောကြောင့် သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသို ့အကြောင်းကြားခဲ့ခြင်းဖြစ်သည်ဟု ၄၇ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးခင်မောင်ရွှေ၏ ပြောကြားချက်အရသိရှိရသည်။

ရပ်ကွက်အုပ်ချုပ်ရေးမှူးကတဆင့် ထားဝယ်ချောင်ရဲစခန်းသို ့ထပ်မံအကြောင်းကြားခဲ့သောကြောင့် စခန်းမှ တာဝန်ရှိသူများက အဆိုပါ ငွေစက္ကူအတုများအား

သိမ်းဆည်းပြီး မြောက်ဒဂုံရဲစခန်းသို ့သယ်ဆောင်သွားခဲ့ပါသည်။

ရဲစခန်းတွင် ငွေစက္ကူအတုများအား အမှတ် ၆ မှုခင်းတပ်ဖွဲ ့စု (ရန်ကုန်) မှတာဝန်ရှိသူများက လာရောက်စစ်ဆေးခဲ့ကြောင်းကို (၄၇) ရပ်ကွက် ရာအိမ်မှူး

ဦးအောင်မျိုး (ခ) ရှမ်းလေး၏ ပြောကြားချက်အရသိရှိရသည်။

ငွေစက္ကူအတုများအား စစ်ဆေးခဲ့ရာ ကျပ်တစ်သောင်းတန် ၁၀ သိန်းအုပ် သိန်းတစ်ရာအစည်း ၁၃ စည်း စုစုပေါင်း ကျပ်သိန်း ၁၃၀၀ ကို တွေ ့ရှိခဲ့ခြင်းဖြစ်သည်ဟု ရာအိမ်မှူး ဦးအောင်မျိုး (ခ) ရှမ်းလေးက ပြောကြားပါသည်။

အဆိုပါနေအိမ်ကို ဦးသိန်းကျော်ဆိုသူက ပွဲစားကတဆင့် စာချုပ်ချုပ်ပြီး ငှားရမ်းနေထိုင်ခြင်းဖြစ်ပြီး ဖေဖေါ်ဝါရီလတွင် အိမ်ငှားဖြစ်သူ ဦးသိန်းကျော်က

ပတ်ဝန်းကျင်ကို နှုတ်ဆက်ပြီး ပြောင်းရွှေ ့သွားခဲ့ပါသည်။

ထို ့ကြောင် ့အနီးပတ်ဝန်းကျင် နေထိုင်သူများ၏ အကြောင်းကြားမှုဖြင့် အိမ်ရှင်မှ နေအိမ်ကို အိမ်ငှားထပ်တင်ရန်အတွက် သန် ့ရှင်းရေးလာပြန်လုပ်ရာမှ

ငွေစက္ကူအတု တွေကို တွေ ့ရှိကြောင်းကို တာဝန်သိစွာနဲ ့သတင်းလာပေးခြင်းကြောင့် ငွေစက္ကူအတုတွေကို သိမ်းဆည်းရမိခြင်းဖြစ်သည်။

ပွဲစားကို စခန်း မှာခေါ်စစ်ခဲ့ပြီး အိမ်ငှားဦးသိန်းကျော်ကို ဆက်သွယ်၍ မရသေးကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးခင်မောင်ရွှေ၏ ပြောကြားချက်အရ

သိရှိရသည် ။ ထိုကဲ့သို ငွေစက္ကူအတုများတွေ ့ရှိရသောဖြစ်စဉ်မှာ မှန်ကန်မှုရှိကြောင်းကို ရဲတပ်ဖွဲ ့မှ အကြီးတန်းအရာရှိတစ်ဦးက အတည်ပြုပြောကြားထား

ပါသည်။

Source: TheDailyEleven 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။