ပရိတ်သတ်ကြီးရေ... ကိုရီးယားမလေးလိုလို ထိုင်းမလေးလိုလိုနဲ့အရမ်းချစ်ဖို့ကောင်းတဲ့ မော်ဒယ်မလေး အိမ့်ထရက်သျှာဟာ ပရိတ်သတ်တွေသဲသဲလှုပ်ချစ်ခြင်းကိုခံနေရသူတစ်ယောက်ပဲဖြစ်ပါတယ်နော်။ ဝေဖန်မှုတွေရှိခဲ့ပေမယ့် ဂရုမစိုက်ဘဲအားတင်းကာ ကိုယ်ဖြစ်ချင်တဲ့အရာတွေကို ဖြစ်အောင်ကြိုးစားလုပ်နေတဲ့ ထက်မြက်တဲ့ ကောင်မလေးတစ်ယောက်လည်းဖြစ်ပါတယ်။

အခုလတ်တလောမှာဆိုရင် ဓာတ်ပုံတွေ ကြော်ငြာတွေရိုက်ကူးနေပြီးတော့ ခရီးလေးတွေလည်းသွားဖြစ်နေပါတယ်။ အခုလည်း စင်္ကာပူရောက်တုန်းရိုက်ထားတဲ့ သူမရဲ့ အလှဓာတ်ပုံလေးတွေ Tik Tok ဗီဒီယိုဖိုင်လေးတွေကိုသူမကိုချစ်တဲ့ပရိတ်သတ်ကြီးအတွက်တင်ပေးထားခဲ့ပြန်ပါသေးတယ်။ အဲ့လိုတင်ခဲ့တဲ့နေရာမှာ ဗီဒီယိုဖိုင်လေးတစ်ဖိုင်ကတော့ ပရိတ်သတ်တွေထင်ကြေးပေးမှုအများပြားရှိခဲ့ပါတယ်။ 

ဗီဒီယိုထဲမှာတော့ အိမ့်ထရက်သျှာဟာ သူမရဲ့ ချစ်သူလို့ထင်ရတဲ့ သူတစ်ယောက်ကို လေဆိပ်မှာအတင်းပြေးပြီး ကလေးလေးတစ်ယောက်လို ခုန်ပြီးဖက်လိုက်တဲ့ ဗီဒီယို အပိုင်းလေးပါရှိပြီး မျက်နှာတွေကိုသေချာမမြင်ရတဲ့အတွက် ပရိတ်သတ်တွေက သူမရဲ့ချစ်သူ နှစ်ယောက် တွေ့ဆုံခဲ့ကြတာလို့ ဝမ်းသာကြည်နူးစွာထင်ကြေးပေးပြောဆိုခဲ့ကြခြင်းဖြစ်ပါတယ်။ ကဲ... ပရိတ်သတ်ကြီးလည်း အိမ့်လေးနဲ့ တွေ့ခဲ့တဲ့သူဟာဘယ်သူလဲဆိုတာဆုံးဖြတ်လို့ရအောင် အိမ့်တို့နှစ်ယောက်ဆုံခဲ့တဲ့ Tik Tok ဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။ 

Source : Eain Treasure 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။