ဝါရင့်အနုပညာရှင်တစ်ဦးဖြစ်တဲ့ သရုပ်ဆောင် လွင်မိုးကတော့ အရည်အချင်းကောင်းတွေ ပြည့်ဝနေတဲ့ မင်းသားဟောင်းကြီးတစ်ဦး ဖြစ်ပါတယ်။ အသက်ကြီးပေမယ့်လည်း မပျက်စီးသေးတဲ့ လွင်မိုးက မိသားစုနဲ့အေးချမ်းစွာ နေထိုင်နေသလို မြန်မာပြည်အနှံ့ခရီးတွေထွက်ရင်း လည်ပတ်နေတာလည်း တွေ့ရပါတယ်။ ထပ်ဆင့်အကယ်ဒမီဆုရှင် လွင်မိုးက အခုချိန်မှာတော့ အနုပညာအလုပ်တွေကို ဖြည်းဖြည်းချင်းသာလုပ်ကိုင်ပြီး အနားယူနေတာ တွေ့ရပါတယ်။

သမီးချောလေးနှစ်ယောက်ကို ပိုင်ဆိုင်ထားတဲ့ လွင်မိုးက လက်ရှိမှာ သမီးလေးရဲ့သားဦးလေးဖြစ်တဲ့ သူ့ရဲ့ပထမဆုံးမြေးဦးလေးကြောင့် ပျော်ရွှင်နေရပြီ ဖြစ်ပါတယ်။ သားအချစ်မြေးအနှစ်ဆိုတဲ့အတိုင်း မြေးလေးကို လွင်မိုးက လက်ကမချအောင် ပြုစုစောင့်ရှောက်ရင်း ချစ်နေရတာ ဖြစ်ပါတယ်။ အခုလည်း လွင်မိုးက ပြင်ဦးလွင်မြို့ကို အလည်ရောက်ရှိရင်း သူရဲ့တစ်ချိန်ကအမှတ်တရလေးတစ်ခုကို ပြောပြလိုက်ပါတယ်။ ဒါကတော့ လွင်မိုးဆိုတဲ့ အမည်မဖြစ်လာခင်မှာ သူရဲ့အမည်ရင်းက " မျိုးသိန်း " ဖြစ်ခဲ့တာကို အားလုံးမသိခဲ့ကြပါဘူးနော်။

ဒါ့ကြောင့် လွင်မိုးက " ၁၉၇၅ ခုနှစ်လောက်က မေမြို့၂၁မိုင်၊ ရွှေရင်မျှော်ကျောင်းနံရံ၊ မိဘဘိုးဘွားများအလှူကဗ္ဗည်းစာ" ကို ပြန်တွေ့တဲ့အခါမှာတော့ "လွင်မိုး..မိုးလွင်..မတိုင်မှီကျွန်တော်ကမျိုးသိန်းပါ " ဆိုပြီး ပရိသတ်တွေ မသိခဲ့တဲ့အကြောင်းမရာတစ်ခုကို ပြောပြလိုက်တာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ၁၉ ရာစုက အမှတ်တရနဲ့အတူ ပြန်တွေ့ရတဲ့ မင်းသား လွင်မိုးရဲ့ပုံရိပ်လေးတွေကိုလည်း တင်ဆက်ပေးလိုက်ပါတယ်နော်။

Source:Lwin Moe; 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။