ကဲ... မကြာခင်ကမှပူပူနွေးနွေးလေးလက်ထပ်ထားကြတဲ့ရွှေနှစ်ရွှေစုံတွဲကိုပရိတ်သတ်ကြီး သိမှာပါ။ အနုပညာလောကမှာအောင်မြင်ပြီး အရမ်းကိုနာမည်ရနေကြတဲ့ အနုပညာသမားတွေဖြစ်တဲ့အတွက် အားလုံးရဲ့စိတ်ဝင်စားမှု အားပေးမှုတွေကို ခံခဲ့ကြရပါတယ်။ ရွှေရွှေချင်းထပ်ရင်မြတ်တယ်ဆိုပေမယ့် အရှုံးအမြတ်ကိုမတွက်ဘဲ တစ်ယောက်နဲ့တစ်ယောက် မြတ်နိုးခြင်းကိုသာဦးစားပေးပြီးရွှေလက်တွဲခဲ့ကြတဲ့စုံတွဲလေးကို ပရိတ်သတ်တွေကလည်း အရမ်းကိုချစ်နေကြပါတယ်။

သူတို့နှစ်ဦးဟာ မင်္ဂလာပွဲအပြီးမှာလည်း ကမ္ဘာအနှံ့ကို ဟန်းနီးမွန်းထွက်ပြီး ပျော်ရွှင်စွာ လည်ပတ်ခဲ့ကြပါတယ်။ သူတို့ရဲ့အပျော်တွေကို ကူးစက်အောင်လည်းသူမတို့ ပျော်ရွှင်စွာလည်ပတ်ခဲ့ကြတဲ့ပုံရိပ်လေးတွေကို လူမှုကွန်ယက် စာမျက်ပေါ်ကနေတစ်ဆင့် ပရိတ်သတ်တွေအတွက်တင်ပေးထားခဲ့ကြပါတယ်။ တစ်ဦးနဲ့တစ်ဦးကြင်နာစွာနဲ့ ယုယကြင်နာပုံလေးတွေက ပရိတ်သတ်တွေနဲ့ FAတွေကို အားကျစေခဲ့ပါတယ်။ 

ရွှေထူးတို့ဇနီးမောင်နှံဟာပြန်ရောက်တာနဲ့ အနုပညာအလုပ်တွေကို ကြိုးစားပြီးပြန်လည်လုပ်နေခဲ့ပါတယ်။ ဒါပေမယ့်ဟန်းနီးမွန်းခရီးစဉ်တစ်လျောက်ရိုက် ထားတဲ့ဓာတ်ပုံလေးတွေကိုအခုချိန်ထိ တင်လို့မဝဖြစ်ပြီးပြန်လည်ကြည်နူးနေကြတာကိုတွေ့ရပါတယ်။ အခုပရိတ်သတ်ကြီးအတွက် ရွှေထူးတင်ပေးထားခဲ့တဲ့ ဟန်းနီးမွန်းခရီးစဉ်က ပုံရိပ်လေးတွေမှာတော့ သူရဲ့ချစ်လှစွာသောဇနီးလေးကြောင့် အပျော်တွေမဖုံးနိုင်မဖိနိုင်ဖြစ်နေတာကို ပရိတ်သတ်ကြီးတွေ့မြင်ရမှာပဲဖြစ်ပါတယ်။ ကဲ... ပရိတ်သတ်ကြီးရေ... အရမ်းကိုချစ်ဖို့ကောင်းတဲ့ရွှေနှစ်ရွှေစုံတွဲလေးကိုအရင်ကထက်ပိုပြီး အားပေးလိုက်ကြပါအုန်းနော်။ 

Source : Htoo Khant

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။