မိဘသဘောမတူသောကြောင့် အသက် ၁၉ နှစ်အရွယ်ချစ်သူနှစ်ဦး တစ်ပြိုင်တည်း ကြိုးဆွဲချသေဆုံး

ထိုဖြစ်စဉ်မှာ မတ်လ ၁၀ ရက်နေ ့နံနက် ၁၀ နာရီခန် ့က ပဲခူးတိုင်းဒေသကြီး ထန်းတပင်မြို ့နယ် တပြေးကျေးရွာအုပ်စု အောင်ရွာနှင့် အောင်ယာကျေးရွာ

အကြား လယ်ကွင်းတစ်ခုရှိ သရက်ပင်တစ်ပင်တွင် မိဘသဘောမတူ၍ အသက် ၁၉ နှစ် အရွယ် ချစ်သူနှစ်ဦး ကြိုးဆွဲချသေဆုံးခဲ့ကြောင်း ထန်းတပင်မြို့မ

ရဲစခန်းမှ စုံစမ်းသိရှိရခြင်းဖြစ်သည်။

ထန်းတပင်မြို ့မ ရဲစခန်းမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ အဆိုပါ ကလေးနှစ်ယောက်မှာ ကရင်ကျောင်းဘော်ဒါဆောင်မှာနေပြီး

ကိုးတန်းတက်နေသောကလေးများဖြစ်ကြပြီး မိဘတွေက သဘောမတူသောကြောင့် တစ်ပြိုင်နက်တည်း ကြိုးဆွဲချသေဆုံးခြင်းဖြစ်သည်ဟု သိရှိရသည်။

ဆက်လက်ပြီး ထန်းတပင်မြို့မ ရဲစခန်းမှ စုံစမ်းစစ်ဆေးချက်အရ သေဆုံးသူနှစ်ဦးမှာ ထန်းတပင်မြို့နယ် ရှားစေးဖို ကျေးရွာ အုပ်စု တောကုန်းကျေးရွာ

ကရင် အ-ထ-က ကျောင်းတွင် ဘော်ဒါဆောင်နေပြီး ၉ တန်းတက်ရောက်နေသူ အသက် ၁၉ နှစ်အရွယ် စောစိန်မာလင်း (ခ) ရှယ်လဲလယ်နှင့် နော်ကဘိုးဖောတို ့ဖြစ်ပြီး မတ်လ ၁၀ ရက်နေ ့နံနက် ၁၀ နာရီခန် ့က အောင်ရွာနှင့် အောင်ယာကျေးရွာ အကြား လယ်ကွင်းတစ်ခုရှိ အမြင့် ၁၈ ပေရှိသော သရက်ပင်၏ သစ်ကိုင်းတွင် အရှည် ၁၈ ပေခန် ့ရှိသော ပလတ်စတစ်ကြိုးအသုံးပြုကာ ကြိုးဆွဲချ သေဆုံးနေသည်ကို တွေ ့ရှိခဲ့ခြင်းဖြစ်သည်ဟု သိရှိရပါသည်။

အဆိုပါနယ်မြေရဲစခန်းမှ စုံစမ်းသိရှိချက်အရ ယင်းအမှုနှင့် ပတ်သက်၍ ထန်းတပင်မြို ့မ ရဲစခန်းမှ သေမှုသေခင်း အမှတ်စဉ် ၂/ ၂၀၁၇ ဖြင့် အမှုဖွင့်လှစ်

စစ်ဆေးဆောင်ရွက်နေလျက်ရှိပါသည် ။

Source: TheVoice 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။